ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
သင်တန်းမှာ ဆက်သွယ်ရေးအခြေခံနဲ့ စစ်ဆင်ရေးလက်တွေ့ သင်ခန်းစာတွေကို သင်ကြားပေးခဲ့ပြီး အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်း/တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။











