စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့က တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ က စစ်အုပ်စုဟာ အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးကာ သြဂကျေးရွာနဲ့ အာမခံကျေးရွာတို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီးတဲ့နောက် အကြမ်းဖက်စစ်သားတွေ ညောင်ပင်သာရွာကို ရောက်ရှိနေချိန် ကောလင်းခရိုင် တပ်ရင်း ၄ ဒုတပ်ရင်းမှူး ငရဲ ဦးစီးတဲ့ တပ်ရင်းရဲဘော်တွေ၊ ဝန်းသိုမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေ၊ ဒရုန်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ယောက် သေပြီး ၃ ယောက် ထိမှန်ဒဏ်ရာရကာ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်လည်း ကျဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီလောက်မှာတော့ အဆိုပါ စစ်အုပ်စုဟာ ကျောက်တိုင်ကုန်း အထိုင်စခန်းထဲကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်တွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ဖမ်းဆီးထားသည့် ဓားစားခံ ၄ ဦးနှင့် ဘုန်းကြီးတစ်ပါးအား ကယ်ထုတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ကြောင့် အရပ်သား အယောက် ၅၀ သေဆုံး

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ အယောက် ၅၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၏ ပူးပေါင်းစစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန် ရန်ကုန်တိုင်းပကဖ ထံ လက်နက်ခဲယမ်းနှင့် ကျည်ကာဦးထုပ်များ ပေးအပ်

ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်တိုင်း ပကဖ ကို လက်နက်ခဲယမ်းနဲ့ ကျည်ကာဦးထုပ်တွေ ပေးအပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆီက သိရပါတယ်။
Read More

ကောလင်း သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရမှုကို NUG အနေနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ CDM အဖွဲ့အစည်းတွေ တောင်းဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က သယံဇာတအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံခံရမှုအတွက် NUG အနေနဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူပေးဖို့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။