မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာမှာ စစ်ကြောင်းထိုးခြင်းမရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၁ရက် မနေ့ နေ့လယ် ၂နာရီကျော်လောက်မှာ မုံရွာ နမခက တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၂စီးဟာ ဘုန်းကြီးကန်ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ယောက် သေဆုံးပြီး အဖိုး ၁ယောက်နဲ့ အဖွား ၁ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“အဲဒီနားမှာ စစ်ကြောင်းဘာညာ မရှိဘူး။ PDF စခန်း ဘာညာမရှိဘူး။ ရဲဘော်တွေ ရောက်တာလောက်ပဲ ရှိတယ်။ ရွာသားတွေကလည်း ခါတိုင်း ဂျိုင်ရိုကော်ပတာတွေက ဒီအတိုင်း ဖြတ်သွားပြီးတော့ ပေါက်ဘက်ကိုပဲ သွားသွားချနေတာ၊ ဒီကနေ့လည်း ချတာတွေ ရှိတာပဲလေ။ အဲ့တော့ အမှုမဲ့ အမှတ်မဲ့ပဲ နေကြတာပေါ့။ အဲလိုမျိုး အိမ်ထဲမှာ နေနေရင်းနဲ့ပဲ ထိမှန်တဲ့သဘောဗျ” လို့ အညာမြေ အရပ်ဖက်လူမှု ကူညီရေးအဖွဲ့က ဆရာထွေးက မောင်းကို ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃လုံး ပျက်စီးသွားပြီး နွား ၁ကောင်လည်း ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူ ၂ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘုန်းကြီးကန်ရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး ဒေသခံတွေဟာ တောင်ယာလုပ်ကိုင်ရင်း စားသောက်နေထိုင်ကြတဲ့ အေးချမ်းတဲ့ရွာတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။

“အေးအေးချမ်းချမ်းနေတဲ့ နေရာတွေပဲ လာပြီး လေကြောင်းချတာ၊ နောက်ဆုံးတော့လည်း ပြည်သူကို အကြောက်တရား သွင်းတာပဲ ဖြစ်လိမ့်မယ်ထင်တယ်။ တခြားအကြောင်းတွေကတော့ အဲဒီနားတွေက တော်လှန်ရေးအင်အားစုတွေ ကြီးစိုးတဲ့နေရာ အားကောင်းတဲ့နေရာလို့လည်း မဟုတ်ဘူးဗျ” လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်လောက်ကလည်း ဘုန်းကြီးကန်ရွာကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် မီးဖွားပြီးစ အမျိုးသမီးတစ်ယောက် လန့်ပြီးသေဆုံးသွားတာမျိုး ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်ကို ပို့တဲ့ အကြမ်းဖက် စစ်တပ်ယာဥ်တန်း လမ်းမှာကားမှောက်ပြီး စစ်သား ၆ ယောက် သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းပေးခြင်းထက် စစ်အုပ်စုကို အကာအကွယ်ပေးနေတယ်လို့ Blood Money က ထုတ်ပြန်

အာဆီယံက မြန်မာအရေးမှာ ကူညီပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ Blood Money က ပြောကြားလိုက်ပါတယ်။
Read More

သွေးစွန်းသင်္ကြန်လှုပ်ရှားမှု အဖြစ် ရန်ကုန်မှာ ပြုလုပ်

ရန်ကုန်မြို့ကန်တော်ကြီးဥယျာဥ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)က သွေးစွန်းသင်္ကြန် လှုပ်ရှားမှုအဖြစ် ဒီနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ကျောက်ကြီးနဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေထိခိုက်မှုတွေရှိနိုင်ကြောင်း Freedom Revolution Force ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့မှာ ကင်းပုန်းဝပ်ပြီး လူငယ်တွေကိုပေါ်တာဆွဲနေ

ဧရာဝတီတိုင်းထဲက မြို့နယ် ၆ ခုမှာ အကြမ်းဖက်စစ်တပ်က ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲမှုတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ သတင်းပေးတဲ့ လူတချို့ကို မွေးထားပြီး ဝင်ရောက်ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ သိရပါတယ်။