ကရင်နီပြည်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်သွားမယ်လို့ ကရင်နီပြည်လူငယ်ထုတွေက ဆိုလာပါတယ်။ 

ကရင်နီပြည်လူငယ်ထု ကိုယ်စားလှယ်တွေ ဦးဆောင်ခဲ့တဲ့ ၃ရက်တာ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို ကရင်နီပြည် မြေပြင်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ကရင်နီလူငယ်ထုက အခုလို ထုတ်ပြန်ပြောဆိုလာတာ ဖြစ်ပါတယ်။

တွေ့ဆုံနှီးနှောဖလှယ်ပွဲရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိနိုင်ငံရေးနဲ့ လာမယ့် အသွင်ကူးပြောင်းရေးကာလမှာ လူငယ်တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ကို ဆွေးနွေးဖော်ထုတ်ဖို့နဲ့ လူငယ်တွေရဲ့ ဦးဆောင်မှုကို မြှင့်တင်ပြီး လူငယ်အချင်းချင်းကြား ရင်းနှီးမှု ယုံကြည်မှုတို့ကို မြှင့်တင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ 

“စစ်ကော်မရှင်ဆိုတာက လူထုတစ်ရပ်လုံးရဲ့ ဘုံရန်သူပဲပေါ့နော်။ အာဏာသိမ်းပြီးကတည်းကနေ အခုချိန်ထိပေါ့… ဆိုတော့ လူထုဆီကနေ မတရား အာဏာရယူထားတဲ့ သူတွေကို ကျနော်တို့အနေနဲ့ ပေါင်းသင်းစရာ အကြောင်းမရှိပါဘူး။ အဲ့လိုပဲ ကျနော်တို့ ဆွေမျိုးတွေ ဖြစ်တဲ့သူတွေကလည်း ပေါင်းသင်းစရာ အကြောင်းမရှိပါဘူး။ စစ်ကော်မရှင်ကို အားပေးအားမြှောက်ပြုနေတဲ့ ထောက်တိုင်တွေကို ကျနော်တို့ ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ကြေညာပါတယ်” လို့ ကရင်နီပြည်လူငယ်အင်အားစု ကိုယ်စားလှယ် ခွန်းသောမတ်စ် က မောင်းကို ပြောပါတယ်။ 

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတာကို လုံးဝခွင့်လွတ် သည်းခံမှာမဟုတ်ဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေဟာ ပြည်သူလူထုရဲ့ ပြစ်ဒဏ်ကို ခံရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

လက်ရှိ ကရင်နီပြည်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပါတီက ၄ ပါတီရှိပြီး နေရာအနှံ့ ကိုယ်စားလှယ်လောင်းက ၇၀ကျော်ရှိတယ်လို့ သိရပါတယ်။ 

အဆိုပါ တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ ကရင်နီပြည် ပြည်နယ်တပ်တစ်တပ်တည်းဖြစ်ရေး၊ ကရင်နီပြည် အစိုးရတစ်ရပ်တည်းဖြစ်ရေးကို ကရင်နီပြည်လူငယ်ထုက သဘောတူလက်ခံပြီး သက်ဆိုင်ရာ ကရင်နီပြည်အတွင်းက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေအားလုံးကလည်း အမြန်ဆုံးကောင်ထည်ဖော်ဖို့ ကရင်နီပြည်လူငယ်ထုက တောင်းဆိုထားပါတယ်။ 

“ကျနော်တို့ကတော့ လက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေးတည်ဆောက်မှုမှာ ပါဝင်နိုင်ရေးကိစ္စကို ဆက်လုပ်ဖို့ရှိတယ်။ နောက် တပ်တစ်တပ်တည်းပေါင်းစည်းရေး ကိစ္စတွေမှာလည်း ကျနော်တို့ လူငယ်အားတွေ ဝိုင်းပြီးထည့်ဖို့ စဉ်းစားထားတာတွေ ရှိပါတယ်။ တော်လှန်ရေးမှာ လူငယ်ထုတွေ နောက်ထပ် ဘယ်လို အများကြီး ပါဝင်နိုင်မလဲဆိုတာလည်း ကျနော်တို့ ဆွေးနွေးပါတယ်။ တော်လှန်ရေးပြီးသွားတဲ့အထိ ကျနော်တို့ ကရင်နီလူငယ်ထုတွေ အားတက်သရော ဆက်ပြီးတော့ ပူးပေါင်း ပါဝင်သွားကြဖို့လည်း တညီတညွတ်တည်း ဆုံးဖြတ်ချက်ချထားပါတယ်” လို့ ခွန်းသောမတ်စ် က ဆက်ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကောင်စီ၏ ဝါစိုက်ပျိုးရေးတပ် ရှေ့တန်းဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါစိုက်ပျိုးရေးတပ်စခန်းရဲ့ ရှေ့တန်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဝန်ထမ်းတွေကို မထိခိုက်စေချင်တာကြောင့် 29 ရတနာဆိုင်ကို သတိပေးဖောက်ခွဲမှုသာ လုပ်ခဲ့ကြောင်း T.U.F မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။