ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပေါက်ကွဲမှုတွေဟာ ရပ်ကွက် ၂ အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက် ၁၂ နဲ့ ရပ်ကွက် ၅ နေအိမ် ၁ လုံးအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ စစ်ကော်မရှင်လက်အောက်ခံတွေ လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မြို့ထဲမှာ ကင်းလှည့်တာတွေလည်း ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
ဒါဟာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကော်မရှင်ကို သတိပေးတာလို့လည်း ဒေသခံတွေက မှတ်ချက်ပေး ပြောဆိုနေပါတယ်။
Video – nhkumnan