ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ တိုက်ပွဲတွေကနေ ကျန်ရစ်ခဲ့တဲ့ စစ်ကျန် လက်နက်ပစ္စည်းကို ယူဆော့ကစားမိရာကနေ ပေါက်ကွဲပြီး ကလေး ၁ ယောက် သေဆုံးကာ ၂  ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မနေ့ နေ့လယ် ၁ နာရီလောက်က ကျိန္တလိမြို့က ကလေးငယ် ၃ ယောက်ဟာ တောင်ပေါ်မှာ ဆော့ကစားဖို့သွားနေချိန် စစ်ကျန် လက်နက်ပစ္စည်းကို ယူဆော့မိရာကနေ ပေါက်ကွဲပြီး မောင်သတ္တိ (၁၄ နှစ်) သေဆုံးကာ မောင်အောင်သူစိုး (၁၄ နှစ်) နဲ့ နေမျိုးကျော် (ခ) အလင်းဆက် (၁၃ နှစ်) တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ဒါကို ထုပြီး ဆော့ကစားတာမှာ ပေါက်ကွဲပြီး တစ်ယောက်ကတော့ နေရာမှာပဲ ဆုံးသွားပါတယ်။ ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဆုံးသွားတဲ့သူက ခန္ဓာကိုယ် အစထိမှန်တာ” လို့ ဂွမြို့နယ် စစ်ဘေးရျောင်ကူညီ‌ရေး ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ထိမှန်သွားတဲ့ ကလေး ၂ ယောက်ကတော့ ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့ အခြေအနေမဟုတ်တော့ဘူးလို့ သိရပါတယ်။ ဂွမြို့နယ်မှာ အရင်ကလည်း အခုလို စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“စစ်ပွဲအလွန်ကာလမှာ ကလေးသူငယ် ထိခိုက်သေဆုံးတာ ရှိခဲ့ပါတယ်။ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရကလည်း အသိပညာပေးတာတွေ လုပ်တယ်။ စစ်ကျန် လက်နက်ပစ္စည်း၊ မိုင်းရှင်းလင်းတာတွေ လုပ်ပါတယ်။ အရပ်ဘက်ကူညီရေးအဖွဲ့တွေလည်း အသိပညာပေးတာတွေ လုပ်ပါတယ်။ မဖြစ်တာတော့ မနည်းကြာပြီ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ဂွမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ရေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပေမဘ့် ထိခိုက်သူတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်

0 Shares:
You May Also Like
Read More

တရားဥပဒေစိုးမိုးရေး အလေးထား ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် KIA ရဲဘော်များ၏ မင်္ဂလာဆောင်အခမ်းအနား

ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော်တွေရဲ့ မင်္ဂလာပွဲအခမ်းအနားကို မေ ၇ ရက် မနေ့က KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

AA ထိန်းချုပ်ရာ သံတွဲမြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေဆုံးပြီး ကလေးငယ်အပါ ၅ ဦး ဒဏ်ရာရ

ါးနေသလိ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ကလေးအပါအဝင် ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမတ ၃၁၀ တပ်ရင်းကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေဆုံးမှုများ ရှိနိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးဖောက်ခွဲမှုအပါ မြို့ပြစစ်ဆင်ရေး လုပ်ဆောင်သူတွေအဖြစ် စွပ်စွဲကာ လူငယ် ၈ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက်၊ ဖျာပုံလမ်းက စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုမှာ ပါဝင်သူတွေအဖြစ် စွပ်စွဲကာ အမျိုးသမီး ၁ယောက်အပါ လူငယ် ၈ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။