အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့တန်းစခန်းနဲ့ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး (AIF Myanmar) က မနေ့က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

AIF Myanmar ကို မောင်းက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အဆိုပါ တိုက်ပွဲမှတ်တမ်းတွေဟာ ဖလန်းမြို့တိုက်ပွဲ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ရုပ်သံမှတ်တမ်းတချို့ကတော့ ဖလန်းတိုက်ပွဲက အဟောင်းတွေဖြစ်ပါတယ်။ အသစ်တွေကတော့ ပြီးခဲ့တဲ့ ၂လအတွင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲမှာ ရွေးကောက်ပွဲအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေကဖြစ်ပါတယ်” လို့ AIF Myanmar ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

AIF Myanmar ရဲ့ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုအတွင်း ဒရုန်း Jammer ၂ ခု၊ ထောက်ပံ့ရေး စုဆောင်းနေရာ ၄ ခုတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ရှေ့တန်းတပ်စခန်းရှိ စစ်အရာရှိ ၂ ယောက်၊ တပ်သား ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

AIF Myanmar အဖွဲ့ဟာ မိတ်ဖက်မဟာမိတ်တွေကာ ပူးပေါင်းပြီး ထိရောက်တဲ့ FPV ဒရုန်းအစီအစဉ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သလို ရန်သူရဲ့ မဟာဗျူဟာဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားကြောင်း သိရပါတယ်။ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး Jammer တွေကြောင့် ဖြစ်ပေါ်လာတဲ့ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“စစ်ဆင်ရေးနယ်မြေ အတိအကျကိုတော့ ကျနော်တို့ ပြောလို့မရပါဘူး။ လက်ရှိတော့ ချင်းနဲ့ စစ်ကိုင်းအတွင်းက ရှေ့တန်းစစ်မျက်နှာ အများအပြားမှာ လှုပ်ရှားဆောင်ရွက်နေပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်တပ်ဟာ ရုရှားနဲ့ တရုတ်ရဲ့ နည်းပညာ အကူအညီတွေနဲ့ ပြည်သူလူထုကို တိုက်ခိုက်နေတာကြောင့် AIF Myanmar အနေနဲ့လည်း အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေနဲ့အတူ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် ဟန်ပြရွေးကောက်ပွဲနှင့် စစ်ကော်မရှင်ကို အမြစ်ဖြတ် နှိမ်နင်းရမည်ဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွက်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဟာ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံပုဒ်မ ၇၅ အရ အဆိုပါကောင်စီကိုဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါ ခလရ ၅၀ ကနေ ပင်လယ်ဘူး ပို့ခံရတဲ့ ဗိုလ်မှူးခန့်မင်းကို ဆိုသူ တိုက်ပွဲမှာ ဆီးခုံကျည်မှန်ပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ကနေ ပင်လယ်ဘူးတိုက်ပွဲဆီ ရဟတ်ယာဥ်နဲ့ စစ်ကူပို့ဆောင်ခံရတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူး ခန့်မင်းကို ဆိုသူဟာ ဆီးခုံကျည်ထိမှန်သေဆုံးသွားတယ်လို့ ယောအလင်းတန်း အဖွဲ့ဝင်ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။