တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုအတွက် တရားခံတွေကို ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ည ထုတ်ပြန်ပါတယ်။

KNDO တပ်ရင်း (၇) တပ်ခွဲ (၅) မှာ ချုပ်နှောင်ထားတဲ့ အပြစ်သား ၄ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုဖြစ်စဥ်အပြီးမှ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အပြစ်သား ၄ယောက်ဖြစ်တဲ့ အောင်နိုင်ဦး၊ ဖြိုးဝေဦး၊ ဇော်ထိုက်နဲ့ ဝင်းစိုးတို့ဟာ KNDO တပ်ရင်း (၇) တပ်ခွဲ (၅) မှာ ချုပ်နှောင်ခံထားရရာကနေ ဒီဇင်ဘာ ၁၃ ရက် မနက် ၄နာရီ ၅၀ မိနစ်အချိန်မှာ အကျဥ်းစခန်းကနေ ထွက်ပြေးလွတ်‌မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ အပြစ်သားတစ်ယောက်ဖြစ်တဲ့ ဝင်းစိုးက ဗိုက်ဆာတယ်ဆိုပြီး CDM ဆရာမ ဒေါ်အေးသီအောင်ထံ ထမင်းတောင်းစားရာမှာ မပေးတဲ့အတွက် ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် အော်သံကြားလို့ ခင်ပွန်းဖြစ်သူက ထွက်ကြည့်ရာမှာ ကျန်တဲ့ ၃ယောက်က ဒေါ်အေးသီအောင်ရဲ့ ခင်ပွန်းကို ဖမ်းချုပ်ထားပြီး ဝင်းစိုးက ထပ်မံ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

လူသတ်မှုကျူးလွန်ပြီးတဲ့နောက် နားကပ်၊ ဆွဲကြိုးနဲ့ လက်ကောက် စတဲ့ လက်ဝတ်ရတနာတွေကို ယူဆောင်ကာ ထိုင်းနိုင်ငံကို သွားဖို့ ကြိုးပမ်းချိန် ဒီဇင်ဘာ ၁၇ ရက်မှာ ၃ယောက်ကို ဖမ်းမိခဲ့ပြီး ကျန်တဲ့ ၁ယောက်ကို ၁၈ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တရားခံတွေ ထွက်ပြေးတဲ့နေ့ကတည်းက လိုက်လံ ရှာဖွေဖမ်းဆီးခဲ့ပေမယ့် ဖမ်းမိပြီး စုံစမ်းစစ်ဆေးချိန်ကျမှသာ အထက်ပါ လူသတ်မှုဖြစ်စဥ်ကို ကျူးလွန်ထားကြောင်း သိရတယ်လို့ ဆိုပါတယ်။

အခုလို နောက်ထပ်ပြစ်မှု ထပ်မံကျူးလွန်ခဲ့တဲ့ တရားခံ ၄ ယောက်ကို စုံစမ်းစစ်ဆေးပြီး KNU ရဲ့ ကော်သူးလေ တရားဥပဒေတွေနဲ့အညီ အပြစ်ပေး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
Read More

ယောဒေသအတွင်း စစ်ရေးအရှိန် မြှင့်တင်တော့မယ်လို့  YDF ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မူဆယ်-မန္တလေး မီးရထားလမ်းတစ်လျှောက်က မြို့တွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂ လအတွင်း အရပ်သား ၆၈ ယောက် သေဆုံး

တရုတ်စီမံကိန်း ဖြစ်တဲ့ မူဆယ်- မန္တလေးမီးရထားလမ်းတစ်လျှောက်က ရှမ်းမြောက်မြို့ ၉ခုအပါအဝင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လအတွင်း အရပ်သား၂၀၀ ကျော် ထိခိုက်သေဆုံးထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဆီက သိရပါတယ်။