တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု၊ ပဝထိန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက် ညနေ ၃နာရီအချိန်မှာ ပဝထိန်ကျေးရွာထဲကို အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်ကနေ ကာမီကာဇေဒရုန်းနဲ့ ဗုံး ၁လုံး ကြဲချခဲ့ပြီး ပဝခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“၃၀၆ အမြောက်တပ်ကနေ တိုက်ပွဲမဖြစ်ပွားဘဲ ပစ်တာ၊ အဲ့ရွာက အတွင်းဘက်ကျတဲ့ရွာ၊ တစ်ခါမှ အဲ့လိုမဖြစ်ဖူးဘူး။ ဒီလိုတိုက်ခိုက်တာ ပထမဆုံးလို့ ပြောလို့ရတယ်။ သူတို့က ထုံးစံအတိုင်း ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းတာ၊ ရွာသားတွေကတော့ ကြောက်တာပေါ့” လို့ တနင်္သာရီနယ်ခံ တစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ သူတို့ထိန်းချုပ်ရာ နယ်မြေတွေမှာ ရွေးကောက်ပွဲ အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးပမ်းနေသလို သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင် အုပ်ချုပ်ရာ ဒေသအတွင်းမှာလည်း ပြည်သူလူထု အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် အကြမ်းဖက်စစ်ကြောင်းက စိတ်ဝေဒနာရှင် ၁ ဦးကို လက်ပြန်ကြိုးတုပ် ရိုက်သတ်ကာ စွန့်ပစ်ထားခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက စိတ်ကျန်းမာရေးချို့တဲ့သူ ၁ယောက်ကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ကာ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် စစ်တပ် ဗုံးကြဲလို့ လူ ၂၀ ကျော် သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ ဆုံကုန်းကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပတ်ဝန်းကျင်အနှံ့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ လူအယောက်၂၀ ထက်မနည်းထိခိုက်​သေဆုံးခဲ့ကြောင်း မြိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသုတက မောင်းကို ပြောပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေဟု NUG ယာယီသမ္မတ ပြော၊ ရွေးကောက်ပွဲ ထောက်ခံနေသည့် ဒေသတွင်းနိုင်ငံများ စစ်အာဏာရှင်ရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ တောင်းဆို

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရော ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ ကလေးငယ်​အပါအဝင် ၂ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်၁ယောက်နဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။