စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးတွေနဲ့ တော်လှန်ရေးတပ်တွေ ဒီရက်ပိုင်း ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်အုပ်စုက လေကြောင်းကနေ အဆက်မပြတ်တိုက်ခိုက်နေတာပါ။

စစ်အုပ်စုထောက်ခံတဲ့ ချန်နယ်တွေရဲ့ ဖော်ပြချက်အရ ကျွန်းလှမြို့အနောက်ခြမ်း၊ သဖန်းဆိပ်ဆည်နားက အင်တိုင်းနဲ့ ကုက္ကိုလ်ကိုင်းရွာ ပျုစောထီးစခန်းတွေမှာ ထိတွေ့တိုက်ပွဲတွေ ရှိနေတာဖြစ်ပါတယ်။

စစ်အုပ်စုဟာ မိတ္ထီလာနဲ့ တံတားဦးတက် ဂျက်ဖိုက်တာတွေ၊ မုံရွာနမခတက် ဂျိုင်ရိုကော်ပတာတွေ အသုံးပြုပြီး ကန့်ဘလူ-မြစ်ကြီးနားဗျူဟာလမ်းပိုင်းနဲ့ ကျွန်းလှမြို့နယ်အနောက်ခြမ်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။


ဗျူဟာလမ်းပိုင်း ခေါ် ကန့်ဘလူ-မြစ်ကြီးနားလမ်းပိုင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ရက်နေ့ကစလို့ စစ်အုပ်စုက အာဏာပြ သွားလာခွင့်ပိတ်ထားခဲ့တာကြောင့် ကားအစီးရေ ၅၀ လောက်အထိ ပိတ်မိကုန်တာမျိုးတွေလည်း ရှိခဲ့ကြောင်းနဲ့ လက်ရှိမှာ တော်လှန်ရေးတပ်တွေလည်း ထိတွေ့တိုက်ပွဲအခြေအနေတွေကြောင့် ကွင်းလမ်း (ရှောင်လမ်း) တွေပါ ခေတ္တပိတ်ထားကြောင်း သိရပါတယ်။

” စခတွေက ကျီကျင်းလမ်းဆုံက စပိတ်ထားတာ၊ အစ်ကိုတို့ကတော့ အရင်က ကွင်းလမ်းတွေ သွားခိုင်းတယ်။ အခုတော့ ပွဲတွေရှိနေလို့ ပိတ်ထားတယ်။” လို့ ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စုနဲ့ ထိတွေ့မှုအခြေအနေတွေအကြောင်း မေးမြန်းကြည့်ရာမှာတော့ လတ်တလော စစ်ရေးအခြေအနေအရ ဖြေဆိုနိုင်ခြင်းမရှိသေးဘဲ ထုတ်ပြန်ပေးသွားမယ်လို့ သူကဆက်ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်းက ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်အပါအဝင် ထိစပ်နေတဲ့ ခင်ဦးမြို့နယ်တွေမှာ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေက ကျေးရွာတွေထဲ စစ်ကြောင်းထိုး၊ မီးရှို့တာအပြင် လူသတ်၊ မုဒိန်းကျင့်၊ ပစ္စည်းလုတာတွေကို ဆိုးဆိုးရွားရွား လုပ်ဆောင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ABSDF ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲနဲ့အဖွဲ့က ABSDF ရဲဘော်တွေကို နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေ ရှင်းလင်းပြောကြား… (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ရဲဘော်ဆန်နီ၊ ရဲဘော်ကျော်ကျော်လင်းတို့က ABSDF - မကဒတ ဌာနချုပ်ရှိ ရဲဘော်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

NUG အောက်မှ ခွဲထွက်လာသည့် ဂဠုန်စစ်ကြောင်း MLA ထံ ပူးပေါင်း 

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ထံကို တော်လှန်ရေးစစ်ကြောင်းတစ်ခုဖြစ်တဲ့ ဂဠုန်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး အလုံးစုံ ပူးပေါင်းလာခဲ့တယ်လို့ MLA ကမနေ့က ဖေဖော်ဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 
Read More

ဝက်လက်နယ်တွင် ပအဖ ရုံးအဖွဲ့မှူးနှင့် အမျိုးသမီး ၁ဦး လုပ်ကြံပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။
Read More

လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားတဲ့ မူဆယ်-မိုင်းယု (၁၀၅) မိုင် လမ်းကို စစ်ကောင်စီ ငွေကြေးတောင်းခံပြီး ဖြတ်သန်းခွင့်ပြုနေ

မူဆယ် - မိုင်းယု (၁၀၅) မိုင်လမ်းကို စစ်ကောင်စီက ငွေကြေးကောက်ခံပြီး စတင်ဖြတ်သန်းခွင့်ပြုနေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။