ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါအဝင် ၆ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်‌ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်အချိန်မှာ အုတ်ဖိုမြို့နယ်၊ လွှစဥ်ကျေးရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်ဆွဲနေတဲ့ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲတွေကို ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာ မြေအောက်ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေက ရှောင်တခင် ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့က သတင်းကြိုရထားတာပါ။ ဆိုင်ကယ်က ၅ စီး… အင်အားက ၁၀ ယောက်ဗျ” လို့ မြေအောက်‌ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှု ၅မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုမှာ ဒုရဲအုပ် ဇော်ထွန်း၀င်းအပါအ၀င် အကြမ်းဖက် စစ်သား ၄ယောက် နေရာမှာတင် သေဆုံးသွားပြီး နောက်ထပ် ၂ယောက်လည်း ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“တိုက်ခိုက်မှုအပြီး မနက် ၇နာရီခွဲ မိုးစင်စင်လင်းအချိန်မှာ သူတို့အလောင်းတွေကို လာကောက်တယ်။ နောက် ဒဏ်ရာပြီး ထွက်ပြေးသွားတဲ့ ၂ယောက်ကလည်း ထပ်သေတယ် ဆေးရုံကျမှ။ ဆိုတော့ စုစုပေါင်း ၆ဦး သေဆုံးဖြစ်သွားတယ်။ အနားမှာလည်း ပြည်သူအိမ်သိပ်မရှိတော့ ဟိုဖမ်း ဒီဖမ်းတော့ မရှိဘူး။ သေနတ်တွေတော့ ဖောက်တယ် ဒီလောက်ပါပဲ” လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေထံက G3သေနတ် ၂လက်၊ G3ကျည် (၂၅တောင့်)၊ ကျည်ဘောက် ၂ခု၊ ဓားမြှောင် ၁ချောင်း၊ ဖျူ့စ် ၁ချောင်း၊ မိုဘိုင်းဖုန်း ၁လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေက ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်သွားသူတွေကို မုံရွာ ပလဖ တစ်ရက်အတွင်း ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်မှာ ဓားပြတိုက်လူသတ်ကာ ကားလုယူသွားသူတွေကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့မှုမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ  96 Soldiers PDF (အညာတပ်ခွဲ) ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်က ဇင်ယော် စစ်ဆင်ရေးကို လုပ်ဆောင်မည်

တရုတ်က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးအဖြစ် မဲ့ခေါင်ဒေသက ၆ နိုင်ငံမှာ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ဇန်နဝါရီလ ၂၁ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်
Read More

နောင်ချို၊ ဂန့်ကော်ရွာတိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းနဲ့ ကြဲချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ပျက်စီး

TNLA ကထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာက အရပ်သားပစ်မှတ်တွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် BLDF ရဲဘော် အောင်ဖြိုးဝေ၏ စျာပန

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF  ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးရဲ့ စျာပနအခမ်းအနားကို ဧပြီ ၆ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။