ပဲခူးတိုင်း အုတ်ဖို့မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက အုတ်ဖိုမြို့နယ် စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ် သားနဲ့ ရဲတွေကို ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာ တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့က သတင်းကြိုရထားတာပါ။ ဆိုင်ကယ်က ၅ စီး… အင်အားက ၁၀ ယောက်ဗျ” လို့ မြေအောက်‌ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် တပ်သား  ၄ ဦးနေရာမှာတင် သေဆုံးသွားပြီး နောက်ထပ် ၂ ဦးလည်း ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“တိုက်ခိုက်မှုအပြီး မနက် ၇ နာရီခွဲ မိုးစင်စင်လင်းအချိန်မှာ သူတို့အလောင်းတွေကို လာကောက်တယ်။ နောက် ဒဏ်ရာပြီး ထွက်ပြေးသွားတဲ့ ၂ ယောက်ကလည်း ထပ်သေတယ် ဆေးရုံကျမှ။ ဆိုတော့ စုစုပေါင်း ၆ ဦး သေဆုံးဖြစ်သွားတယ်။ အနားမှာလည်း ပြည်သူအိမ်သိပ်မရှိတော့ ဟိုဖမ်း ဒီဖမ်းတော့ မရှိဘူး။ သေနတ်တွေတော့ ဖောက်တယ် ဒီလောက်ပါပဲ” လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေထံက G3 သေနတ် ၂ လက်၊ G3 ကျည် (၂၅ တောင့်)၊  ကျည်ဘောက် ၂ ခု၊ ဓားမြှောင် ၁ ချောင်း၊ ဖျူ့စ် ၁ ချောင်း၊ မိုဘိုင်းဖုန်း ၁ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေက ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – ပေးပို့

0 Shares:
You May Also Like
Read More

စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ ဗိုလ်လင်းယုန်တပ်ဖွဲ့ ထုတ်ပြန်

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနှင့် သင်တန်းဆင်းပုံရိပ်များ (ရုပ်/သံ)

ပခုက္ကူခရိုင် Local တပ်ရင်း (၁) အပတ်စဥ် (၂) စစ်သင်တန်းလေ့ကျင့်ရေးနဲ့ သင်တန်းဆင်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို Earthquake People’s Defence Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို စက်လှေနဲ့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့မှ စက်လှေ ၃ စီးနဲ့ မြောင်မြို့နယ် ‌ကျောက်ရစ်ရဲစခန်းကို တပ်ချိန်းဖို့ လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၆၀ ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Forceအဖွဲ့ထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
Read More

မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်ဖို့ အသံချဲ့စက်ဖြင့် ကြေညာနေ (ရုပ်/သံ)

မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်နေတယ်လို့ သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ အမတ ၃၀၆ တပ်ရင်းသို့လာသည့် စစ်ကားကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။