စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ရှိရာနေရာကို ၆၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၃ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီခွဲအချိန်နဲ့ ည ၈ နာရီအချိန် ချောင်းဦးမြို့နယ်က အမြင့်ခြံထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ၆၀မမ၊ အဖူးရေ ၅၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အစက အင်အားက ၂၀၀ မရှိဘူး… သူတို့ မုံရွာကနေပြီး အမြန်ယာဉ် ၂ စီးနဲ့ အင်အားလာဖြည့်သွားတဲ့ အနေအထားမျိုးဗျ။ အင်အားလာဖြည့်သွားတာကလည်း ၂ ပတ်ကျော် ၃ ပတ်လောက်တော့ ရှိပြီ” လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲနေတဲ့ အမြင့်ခြံမှာ တပ်စွဲထားတဲ့ စစ်သားတွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုဟာ အဆိုပါ အမြင့်ခြံထဲကို တည့်တည့်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၃ ယောက် အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“ထိခိုက်သေဆုံးမှုကတော့ ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ ပြီးတော့ စခန်းအတွင်းက အဆောင်တခု အမိုးတွေ ပျက်စီးသွားပြီး ၁ယောက် သေဆုံးတယ်လို့ သိရပါတယ်” လို့ အထက်ပါ တာဝန်ရှိသူကဆိုပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကော်မရှင်တပ်သားတွေက ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင်ပကဖ လက်ရုံးတပ်၊ မုံရွာခရိုင်- အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင်- အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄) မီးတောက်တပ်ခွဲ အပါအဝင် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူတွင် စစ်ကောင်စီက ရွာ၂ ရွာကို အင်အားအလုံးအရင်းဖြင့် မီးဝင်ရှို့ရင်း အရပ်သား ၉ ဦးကိုပါ လူသားဒိုင်းလုပ် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ခြေရာတော်ရွာနဲ့ ကြော့မင်းရွာတို့ကိုစစ်ကြောင်းဝင်မီးရှို့ကာ အရပ်သား ၉ ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးတစ်စင်း ပစ်ချခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်ရဲ့ စက်တပ်လေထီးတစ်စင်းကို ပစ်ချခဲ့တယ်လို့ မြိုင် ပကဖ က ဒီညမှာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေတက်လာပြီး ပေါက်နယ်ထဲကို ဗုံးကြဲကာ ပြန်လာတဲ့ စက်တပ်လေထီး ၂ စင်းထဲက တစ်စင်းကို မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ တော်လှန်ရေးတပ်ဖွဲံဝင်များက ပစ်ချခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

နောင်ချိုမြို့နဲ့ နမ့်ဆန်မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံးအပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချလို့ ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နဲ့ ​နမ့်ဆန်မြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂) လုံးအပါအဝင် ဗုံး (၈) လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့နဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

CDM ဝန်ထမ်းများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အသိအမှတ်ပြုကြောင်းနှင့် တရားမျှတမှု ဆောင်ကျဉ်းပေးကြဖို့ တိုက်တွန်းကြောင်း NGU CDM Success Committee ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ CDM Success Committee က စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ပြည်သူတစ်ရပ်လုံးနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါတယ်။