စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း ပြည်သူတွေထံက အဓမ္မပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ Royal Tiger Force က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ချောင်းဦးမြို့နယ် အမြင့်တပ်စခန်းမှာ အင်အား ၂၀၀ နဲ့ အထိုင်ချတပ်စွဲပြီး လမ်းသွားပြည်သူတွေကို ဖမ်းဆီးကာ အဓမ္မပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ၆၀ မမ လက်နက်ကြီး အလုံး ၅၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အမြင့်တပ်စခန်းအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်သားတွေ ထိခိုက်သေဆုံးခဲ့ကာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင်ပကဖ လက်ရုံးတပ်၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ (၄) မီးတောက်တပ်ခွဲနဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Video – 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့