အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းအာမခံလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Chubb Life Insurance အာမခံကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ ၎င်းတို့ရဲ့ လုပ်ငန်းတွေကို အပြီးတိုင်ပိတ်သိမ်းပြီး ထွက်ခွာရန် စီစဉ်နေပြီလို့ သိရပါတယ်။

၁၇၉၂ ခုနှစ်ကတည်းက နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ဝန်ထမ်းအင်အား သုံးသောင်းကျော်နဲ့ လည်ပတ်နေတဲ့ Chubb ဟာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံမှာ အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ခြောက်နှစ်ကျော်ကြာ ရပ်တည်ပြီးနောက်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး စိန်ခေါ်မှုတွေကြောင့် နိုင်ငံတွင်းက အာမခံလုပ်ငန်းလိုင်စင် ပြန်လည်အပ်နှံဖို့နဲ့ ကိုယ်စားလှယ်ရုံးတွေ ပိတ်သိမ်းဖို့ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကို တင်ပြထားတယ်လို့ သိရပါတယ်။

ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ ရောင်းချထားပြီးသား အာမခံပေါ်လစီတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကစတင် ရပ်ဆိုင်းဖျက်သိမ်းသွားမှာဖြစ်ပြီး အကျုံးဝင်တဲ့ ပေါ်လစီရှင်တွေကို ပေးသွင်းထားတဲ့ ပရီမီယံကြေးရဲ့ ၁၀၀ ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

Chubb ဟာ မြန်မာနိုင်ငံမှ ထွက်ခွာတဲ့ ပထမဆုံးသော နိုင်ငံခြားအသက်အာမခံကုမ္ပဏီဖြစ်လာပြီး လက်ရှိ မြန်မာနိုင်ငံမှာ AIA (ဟောင်ကောင်)၊ Dai-ichi (ဂျပန်)၊ Prudential (ဗြိတိန်) နဲ့ Manulife (ကနေဒါ) အစရှိတဲ့ နိုင်ငံခြားအာမခံကုမ္ပဏီတွေ ကျန်ရှိနေသေးကြောင်း သိရပါတယ်။

Chubb ကုမ္ပဏီရဲ့ ယခုကဲ့သို့ လုပ်ငန်းရပ်နားခြင်းဟာ အာမခံထားသူတွေရဲ့ ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ ကုမ္ပဏီဘက်က ပျက်ကွက်ခြင်းသာဖြစ်ကြောင်း စစ်အုပ်စုမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

လက်တွေ့မှာတော့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများ တောက်လျှောက်လုပ်ဆောင်ခဲ့မှုရဲ့ နောက်ဆက်တွဲအနေနဲ့ အမေရိကန်အခြေစိုက် Chubb Life Insurance Myanmar ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လက်လည်ပတ်ဖို့ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကို ကျော်လွှားနိုင်ခြင်း မရှိတော့ဘဲ အခုလို မြန်မာနိုင်ငံကနေ ထွက်ခွာတာဖြစ်ကြောင်း သိရပါတယ်။

ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ NLD အစိုးရကို မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စုက အဓမ္မဖြုတ်ချအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စီးပွားရေး ဖိအားများကြောင့် အခုလို Chubb အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံအတွင်းကနေ တောက်လျောက်ပြန်လည်ထွက်ခွာနေကြတာလည်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

စောချစ်သူ ဘုရားကျောင်းနှင့် စာသင်ကျောင်းများ ဆောက်နေပြီး ထွက်ပြေးတာ မရှိဘူးဟု BGF ပြောခွင့်ရ  နိုင်မောင်ဇော် ပြော

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ကန့်သတ်မှု ခံထားရသူလည်းဖြစ်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လည်ပတ်ရာမှာ အဓိကကျတဲ့နေရာက ပါဝင်သူတစ်ယောက်လည်းဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူဟာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ဆောင်လုပ်နေပြီး အပြစ်မရှိတာကြောင့် ထွက်ပြေးတာမရှိဘူးလို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောဆိုကြောင်း ထိုင်းသတင်းဌာန The Reporter က ဖော်ပြပါတယ်။ 
Read More

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးအား တရုတ်အစိုးရထံ လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။