ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွတ်တော်အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိနေပေမယ့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လူထုရဲ့ ထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့ သက်သေပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ပထမခြေလှမ်းအနေနဲ့ လုပ်ဆောင်နိုင်ခဲ့ပြီး၊ ဆက်လက်လုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲရေးအဆင့်တချို့ ကျန်နေသေးတယ်လို့ NUG ယာယီသမ္မတ ကဆိုပါတယ်။

ပြုပြင်ပြောင်းလဲရေးရဲ့ ရည်ရွယ်ချက်ကတော့ ပိုမိုကျယ်ပြန့်တဲ့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ဖို့၊ အစိုးရရဲ့ စွမ်းဆောင်ရည်ကို ကျစ်လစ်ထိရောက်ဖို့၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းကြီးတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကြုံတွေ့ဖြတ်သန်းခဲ့ပြီးဖြစ်တဲ့ တော်လှန်ရေးကာလမှာ ပြည်သူ့သဘောထားနဲ့အညီ ပြုပြင်ပြောင်းလဲသင့်တဲ့ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့ လည်း ဆိုပါတယ်။

ဒါကြောင့် ဒီပြောင်းလဲမှုဟာ ဝေဖန်မှုတွေရှိနေပေမယ့် အလုပ်နဲ့ သက်သေပြသွားမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကဆိုလာတာဖြစ်ပါတယ်။
“အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း များပြားစုံလင်တဲ့ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုကို လက်တွေ့ကျကျ ဆွဲစုပြီး၊ အရှိပကတိကို အခြေခံပြီး ပြုပြင်ပြောင်းလဲရေးလုပ်ရတာဖြစ်တာကြောင့်၊ အကန့်အသတ်တွေ ရှိပါတယ်။ အဲဒီလို အကန့်အသတ်တွေကြားထဲမှာ အလုပ်ဖြစ်အောင် လုပ်ရသလို တော်လှန်ရေးရဲ့ မူလရည်မှန်းချက်ကိုလည်း သွေဖယ်မသွားအောင် အထူးဂရုစိုက်ပြီး လုပ်ခဲ့ကြရပါတယ်”

“လက်ရှိ ပြုပြင်ပြောင်းလဲရေးဟာ အစုအဖွဲ့အားလုံးရဲ့ စိတ်ကြိုက်တော့ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးမှာလည်း အားလုံးဆန္ဒနဲ့ တစ်ထပ်တည်းကျတယ်ဆိုတာမျိုး မရှိပါဘူး။ အများစုရဲ့ ဆန္ဒနဲ့ စစ်မှန်သောပြည်သူလူထုရဲ့ ဆန္ဒနဲ့ အနီးစပ်ဆုံးဖြစ်ဖို့သာ အရေးကြီးဆုံးဖြစ်တယ်လို့ ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လူထုရဲ့ထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့ သက်သေပြဖို့ ကြိုးစားမှာဖြစ်ကြောင်း ပြောလိုပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကဆိုပါတယ်။

NUG အနေနဲ့ Federal Supreme Council ထွက်ပေါ်လာနိုင်ရေးအတွက်လည်း အထူးအားစိုက်နေကြောင်း၊ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအလွန် အခင်းအကျင်းကာလမှာ အကဲဆတ်တဲ့ နိုင်ငံရေးတိမ်းညွှတ်မှုတွေ ပေါ်ထွက်လာနိုင်ချေရှိတာကို ကြိုတင်ပြင်ဆင်ပြီး တန်ပြန်လုပ်ဆောင်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို လေးလေးနက်နက် တိုက်တွန်းမေတ္တာရပ်ခံကြောင်း အဆိုပါ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင့်ရုံမျှနဲ့ လုံလောက်မှုရှိမှာမဟုတ်ဘဲ အတုအယောင်ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ ပြည်တွင်းက တော်လှန် ရေးအင်အားစုတွေအနေနဲ့ စိန်ခေါ်ချက်တချို့ကို သယ်လာနိုင်တာကို ထည့်တွက်ထားဖို့လိုပြီး သတိရှိရှိ၊ အမြော်အမြင်ကြီးကြီးနဲ့ နိုင်ငံရေးလက်ဦးမှု ရယူနိုင်ဖို့အတွက် လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ပြုလုပ်သည့် (၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ဒေသ တနေရာမှာ ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲ PDF ကယ်ဆယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် သူနာပြုဆရာမ ၂ ဦး ခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့ (MPRT) မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သူနာပြုဆရာမ ၂ ယောက် ခေါ်ယူမယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ဆော့လော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျိုက်ထိုနဲ့ သထုံမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ပျက်စီးပြီး အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ထိခိုက်ပျက်စီးကာ အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်တွင်းမှာ ကင်းလှည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ ကင်းလှည့်အဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ ထံက သိရပါတယ်။