ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဆင်းတလင်းကျေးရွာမှာ ဒုရဲအုပ် ရဲလွင်ဦးစီးတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကော်မရှင်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၉ ဦးသေဆုံးခဲ့တယ်လို့Myanmar Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ အင်အား ၃၀ ခန့်ရှိတဲ့ ဆင်တလင်းကျေးရွာက စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုရဲအုပ် ရဲလွင်အပါအဝင် စစ်သားနဲ့ ရဲ ၁၉ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရတာပါ။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက် ၁၂ လက်၊ ခဲယမ်းနဲ့ Equipment များ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF)၊ သာယာဝတီခရိုင်တပ်ရင်း -၂(၃၈၀၂) ၏ တပ်ခွဲ – ၂ ၊တပ်ခွဲ -၃ ၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) နဲ့ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ – ၃၇။ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Myanmar Defense Force
0 Shares:
You May Also Like
Read More

ကရင်နီပြည်နယ်အတွင်း ခက်ခက်ခဲခဲသင်တန်းရောက်ခဲ့ကြတဲ့ နေပြည်တော် PDF ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေတဲ့ မှတ်တမ်းပုံရိပ် (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း နေပြည်တော် PDF ရဲဘော်တွေရဲ့ ခက်ခက်ခဲခဲစစ်ရေးလေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အော်ပရေးရှင်း စစ်တောင်းမှ ထုတ်ပြန်ထားပါတယ်။
Read More

မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၂ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ချောင်းဦး မြို့အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။
Read More

ပုလောမြို့နယ် ခလရ ၁၇ တပ်ရင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အခြေစိုက် ခလရ ၁၇ တပ်ရင်းကို ‌တော်လှန်ရေးတပ်တွေ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်‌ပေးအပ်ခြင်းအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသားတပ်မတော်)တို့ပူးပေါင်းပြီး အပတ်စဉ် ၁ (၁/၂၀၂၅) အခြေခံ စစ်ပညာသင်တန်းနဲ့ လက်နက်ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၂ ရက်က ပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။