ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအ‌‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့ ဒီဇင်ဘာ ၂၀ ရက်က ကြို့ပင်ကောက်မြို့နယ်အတွင်း ပြည်သူလူထု အင်အား ၃၀၀ ကျော်က အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ”အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ် ချက်ချင်းလွတ်၊ နိုင်ငံရေးအကျည်သားများကို ချက်ချင်းလွတ် ချက်ချင်းလွတ်၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ အလိုမရှိ . . .” စတဲ့ ကြွေးကြော်ခဲ့ကြပါတယ်။

Video-ပေးပို့

0 Shares:
You May Also Like
Read More

SSNDF/KNDF ဗျူဟာအမှတ် – ၉ တွေ့ဆုံဂုဏ်ပြုပွဲ အခမ်းအနားနေ့တွင် ရဲဘော်များ သေနတ်အဖြုတ်အတပ် ပြိုင်ပွဲပြုလုပ် (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် - ၉ တွေ့ဆုံဂုဏ်ပြုပွဲအခမ်းအနားနေ့မှာ တပ်ရင်း B-101 ၊ B-102 ၊ B-103 တို့က ရဲဘော်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ သေနတ်အဖြုတ်အတပ်ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ SSNDF/KNDF B-101 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကုန်းနှင့် ဂိတ်စခန်းကို စီးနင်းသိမ်းပိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ရှမ်း-ကရင်နီနယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းနဲ့ ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို 1008 - SSRY Eagle Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၇) တပ်သား- ရဲရင့်ခန့်ညား၏ ပြောကြားချက် (ရုပ်/သံ)

''သူငယ်ချင်း ၃ ယောက် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၉ နာရီခွဲလောက် ၇၃ လမ်း ပေါ်က ပြန်လာတဲ့အချိန် ကျနော်တို့ကို လမ်းမှာစစ်ပြီးခေါ်လာတာ။ ပြီးတော့ ကျောက်မီးသွေးစခန်းကို ပို့လိုက်တယ်။ ပြီးတော့ ကျနော်တို့အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင်ရင် ပိုက်ဆံ ၁၅၀ (ကျပ်သိန်း ၁၅၀) ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်။ ပြင်ဦးလွင်မှာ ၁၀ ရက်လောက်ထားပြီး ဗထူးသင်တန်းကျောင်းကို ပို့လိုက်တယ်”
Read More

ရေတာရှည်မြို့နယ် ကြို့ပင်ရွာက အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၂ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၄ မိုင် ၇ ဖာလုံက ကြို့ပင်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကကွယ်‌ရေးတပ်ဖွဲ့ ပကဖ (ရေတာရှည်)ထံက သိရပါတယ်။
Read More

ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်၊ ၂ ပွင့်ဗိုလ်အပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၂ ပွိုင့်ဗိုလ်အရာရှိအပါအဝင် ၈ ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက် ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားခဲ့တယ်လို့ Bagan Ogre Force အဖွဲ့ထံက သိရပါတယ်။