မန္တလေးမြို့မှာ အကြမ်းဖက် ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်နှင့်တကွ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ဒီဇင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ အသက် (၂၄) နှစ်အရွယ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုထက်မြတ်အောင်ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က မန္တလေးမြို့မှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

အစီရင်ခံစာတွေအရ ကိုထက်မြတ်အောင်ဟာ ဖမ်းဆီးခံရစဉ်အတွင်း ပြင်းထန်စွာ ရိုက်နှက်ခြင်းခံခဲ့ရပြီး ၎င်းရဲ့ အသက်အန္တရာယ်နဲ့ စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရနိုင်ခြေအပေါ် အလွန်အမင်း စိုးရိမ်ရကြောင်း APHR က ထောက်ပြထားပါတယ်။

APHR ဥက္ကဋ္ဌ ဖြစ်သူ အင်ဒိုနီးရှား လွှတ်တော်အမတ် Mercy Chriesty Barends က “ကိုထက်မြတ်အောင်ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တာဟာ ငြိမ်းချမ်းစွာ ဆန့်ကျင်သူတွေကို နှုတ်ပိတ်ဖို့၊ ဒီမိုကရေစီ ခေါင်းဆောင်မှု ယန္တရားကို ဖျက်ဆီးဖို့နဲ့ အကြောက်တရားကိုသုံးပြီး အာဏာတည်မြဲအောင် လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုတွေကို ထင်ဟပ်နေတာပဲဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။

မလေးရှား လွှတ်တော်အမတ်ဟောင်း Charles Santiago ကလည်း ကိုထက်မြတ်အောင်ဟာ ဖမ်းဆီးမခံရမီက ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း၊ ထိန်းသိမ်းခံထားရစဉ်အတွင်း “သဘာဝအလျောက် သေဆုံးတယ်” သို့မဟုတ် “ကျန်းမာရေးမကောင်းဘူး” ဆိုတဲ့ အကြောင်းပြချက်မျိုး ပေါ်ထွက်လာတယ်ဆိုရင် သူ့ကို စစ်ကြောရေးမှာ နှိပ်စက်တာကြောင့်ဖြစ်တာလို့ မှတ်ယူရမှာဖြစ်ကြောင်း၊ ၎င်းရဲ့ အသက်အန္တရာယ်အတွက် စစ်တပ်မှာ အပြည့်အဝ တာဝန်ရှိကြောင်း သတိပေးထားပါတယ်။

တဆက်တည်းမှာပဲ APHR ဟာ စစ်အုပ်စုက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ငြင်းဆန်ဖို့ အာဆီယံအစိုးရတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ထပ်မံတိုက်တွန်းထားပါသေးတယ်။ ဖိနှိပ်မှုတွေ၊၊ ဖမ်းဆီးမှုတွေနဲ့ အကြမ်းဖက်မှုတွေအကြား ကျင်းပမဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှု မရှိနိုင်ကြောင်း ဖိလစ်ပိုင် လွှတ်တော်အမတ်ဟောင်း Arlene Brosas က ဆိုပါတယ်။

ဒါ့အပြင် APHR က (၁) ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အနေနဲ့ ဒီဖြစ်စဉ်ကို လူသိရှင်ကြား ကိုင်တွယ်ဖြေရှင်းပေးပြီး ကိုထက်မြတ်အောင်ကို ချက်ချင်းလွှတ်ရေး တောင်းဆိုပေးဖို့ (၂) အာဆီယံ လွှတ်တော်အမတ်တွေအနေနဲ့ မိမိတို့နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကတဆင့် ကိုထက်မြတ်အောင်ကို ညှင်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ရေးနဲ့ လွတ်လပ်တဲ့ ဆေးဘက်ကျွမ်းကျင်သူတွေနဲ့ တွေ့ခွင့်ပေးဖို့ စစ်တပ်ကို တောင်းဆိုဖို့ (၃) အာဆီယံအစိုးရတွေနဲ့ နိုင်ငံတကာ မိတ်ဖက်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုအပေါ် သံတမန်ရေးနဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

ကိုထက်မြတ်အောင်ရဲ့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ ဆရာဝန်တွေကို ၎င်းနဲ့ ချက်ချင်းတွေ့ဆုံခွင့်ပေးဖို့ကိုလည်း APHR က အလေးအနက် တောင်းဆိုထားပါတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နှုတ်ဆိတ်နေခြင်းဟာ ကျူးလွန်သူတွေကို ပိုမိုရဲတင်းစေမှာဖြစ်တာကြောင့် အရေးယူဆောင်ရွက်မှုတွေ ပြတ်ပြတ်သားသား အရေးတကြီးလုပ်ဆောင်ဖို့လိုအပ်‌ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ရုရှားထုတ် Shahed drone ပုံစံကွဲ အသေခံဒရုန်း ၁ စင်း ထိုင်းနိုင်ငံအတွင်း ပျက်ကျ

ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ စစ်ကောင်စီ အသုံးပြုတဲ့ ရုရှားထုတ် Shahed Drone နဲ့ ပုံစံတူ အသေခံဒရုန်းတစ်စင်း ပျက်ကျနေတာကို ထိုင်းစစ်တပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဇူလိုင်လ ၂၂ ရက် ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

ဩစတေးလျနှင့် တောင်ကိုရီးယားတွင် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုများ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မကြာခင် ကျရောက်တော့မယ့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုကို ပြည်ပရောက်မြန်မာတွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Read More

နယူးယောက်တွင် ရောင်နီ မဖျော်ဖြေခင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် ငြိမ်သက်ဆုတောင်းခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ရောင်နီ ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး ပွဲမစတင်ခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ တစ်မိနစ် ငြိမ်သက် ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲလုပ်ဖို့ မသင့်တော်တဲ့ အခြေအနေဖြစ်လို့ နိုင်ငံတကာက ကန့်ကွက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ မသင့်တော်တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ အားစိုက်လုပ်ဆောင်နေလို့ နိုင်ငံတကာက အပြင်းအထန် ကန့်ကွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ကို BIMSTEC ညိီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို BIMSTEC ညီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။