ပဲခူးတိုင်း၊ ညောင်လေးပင်နယ်တွင်း အဓမ္မပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဆောင်ခဲ့ရတဲ့ စစ်မှုထမ်းတပ်သားတစ်ဦး ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ သာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် အဲဒီတပ်ဖွဲ့တွေထဲက စစ်မှုထမ်းတပ်သား ဝင်းနိုင်ဟာ လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒီဇင်ဘာ ၁၉ ရက် မနေ့ညနေပိုင်းမှာ အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရတာပါ။

“သူက အတင်းအဓမ္မ ‌ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ၊ အခုလို အလင်းဝင်တာကလည်း အရပ်သားပြည် သူတွေကို သူ့မျက်စိရှေ့မှာ ရက်ရက်စက်စက် ပစ်တာတွေမြင်ရပြီး စစ်တပ်ရဲ့လုပ်ရပ်ကိုမကြိုက်လို့ အလင်းဝင်ခဲ့တာ”လို့ လက်ပံတန်းမြို့နယ် (ပအဖ) မှ စစ်ရေးတာဝန်ခံ ရဲဘော်စနေက မောင်းကိုပြောပါ တယ်။

တပ်သားဝင်းနိုင်ဟာ MA 1 တစ်လက်၊ ကျည်ဘောက် ၃ ခု၊ အီနာဂါ ၄ လုံး၊ ကျည် ၂၀၀ တောင့်၊ စစ်သုံးပစ္စည်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့တဲ့အတွက် ဆုကြေးငွေ ဆက်လက်ချီးမြင့်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ၎င်းဟာ စစ်မှုထမ်းအပတ်စဉ် (၁၅) ဖြစ်ပြီး၊ မကွေးတိုင်း စလင်းမြို့နယ်ဇာတိလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ဝင်းနိုင်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အတူနေထိုင်ပြီး စစ်ကော်မရှင်တပ်သားတွေကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို မော်လမြိုင်မှာ ကျင်းပမည်…

မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂ ရက်မှာ မွန်အမျိုးသား ညီလာခံကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း ရဲဘော် ဖေမြင့် ကျဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက တိုက်ပွဲတစ်ခုအတွင်း ကာကွယ်ရေးတပ်သားတစ်ယောက် ကျဆုံးသွားကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖ - ဇုန် ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့နယ် ပကဖ နှင့် ပအဖ ပူးပေါင်းပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့က မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ နဲ့ ပူးပေါင်းပြီး မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေအတွင်း မတ်လ (၂၉) က စလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း တွေ ဆောက်ရွက်နေတယ်လို့ သိရပါတယ်။
Read More

အရပ်သားဟန်ဆောင် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရေးဘီလူး တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးသင်တန်းဆင်း ရဲမေအပါ စစ်သား ၅ ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးသင်တန်းဆင်းရဲမေ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။