ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်မှာ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်သူတွေကို အစည်းအဝေးခေါ် မဲဆွယ်စည်းရုံးပေးတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 9 Stats Underground Force Bago Region တပ်ဖွဲ့ထံမှ သိရပါတယ်။

ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာက အုပ်ချုပ်ရေးမှုး နိုင်ဝင်းဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပြည်သူလူထုကို ခြိမ်းခြောက်အစည်းအဝေးခေါ်ယူကာ မဲဆွယ်စည်းရုံးခဲ့တဲ့အတွက် ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီကျော်လောက်မှာ အမှတ် ၉ ရပ်ကွက် ကျေးရွာလမ်းမပေါ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရတာပါ။

“ကျည်သုံးချက်ထိမှန်ပြီး နေရာမှာပဲ သေသွားတာ၊ ခုခံချိန်မရလိုက်ဘူး၊ သူ့အိတ်ထဲက အသီးကို နှိုက်ရင်း မောင်းပြေးတာ၊ ညပိုင်း‌မှာတော့ ဒိုက်ဦး ရခ ငါးယောက်ရောက်လာတယ်” လို့ 9 Stats Underground Force , Bago Region တပ်ဖွဲ့တာဝန်ခံ မြေပွေးက မောင်းကိုပြောပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူး နိုင်ဝင်းကိုပစ်ခတ်ရှင်းလင်းဖို့အတွက် အချိန် ၁၅ ရက်ခန့်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ၎င်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးလုပ်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

နိုင်ဝင်းဟာ လက်နက်ကိုင် ပျုစောထီးအဖွဲ့ တည်ထောင်ကာ ရွာထဲက ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ဝင်းရဲ့ သားဖြစ်သူနဲ့ သားမက်ဖြစ်သူတို့ဟာလည်း ပျုစောထီးတွေပဲဖြစ်ကြပြီး စစ်ကော်မရှင်ရဲ့ စစ်ကြောင်းတွေမှာ လက်နက်ကြီး ပစ်ကူပေးသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

အုပ်ချုပ်‌ရေးမှုး နိုင်ဝင်းဟာ စစ်မှုထမ်းပေါ်တာဆွဲခြင်း၊ လူရောင်းလူဝယ်လုပ်ခြင်းများအပြင်၊ စစ်အုပ်စုနဲ့ပေါင်းပြီး ၎င်းနဲ့မတည့်သူများကိုပါ ဒုက္ခပေးနေတဲ့အတွက် မိမိတို့အဖွဲ့က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ ၄င်းကဆက်ပြောပါတယ်။
0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့မှုမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ  96 Soldiers PDF (အညာတပ်ခွဲ) ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျိုက်မရောမှာ MLA ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA ရဲ့ စစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ MLA က ထုတ်ပြန်ထားပါတယ်။
Read More

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေအတွင်း စစ်ရှောင်ပြည်သူများနှင့် ကျေးရွာနေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ် (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေတစ်နေရာအတွင်း ဗမာ့တပ်တော်နဲ့ ပေါက်တောင်ပိုင်း သူနာပြုနဲ့ ကျန်းမာရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ရှောင်ပြည်သူတွေနဲ့ ကျေးရွာနေပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံး ၁၁လုံး ကြဲချ၊ အမျိုးသား ၃ဦး သေဆုံး

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့တုန်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချခဲ့တဲ့အတွက် ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

တောကျီးကန်း (၇) ကောင်တပ်ရင်း စိုးမိုးနယ်မြေအတွင်း ရေဘေးအန္တရာယ် ကာကွယ်မှုတွေကို ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားမှာ သဘာဝ ရေဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ခံစားနေရတဲ့ အချိန်အခါဖြစ်ရာ တောကျီးကန်း (၇) ကောင်တပ်ရင်း အနေနဲ့ ပဲခူးတိုင်း အရှေ့အခြမ်းရှိ စိုးမိုးနယ်မြေတွေအတွင်း ရေဘေးဒုက္ခ အန္တရာယ်ကို ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနဲ့အတူ ပူးပေါင်းပြီး ရေကြီးရေလျှံ တားဆီးကာကွယ်ရေး အစီအမံတွေ ပြုလုပ်ဆောင်ရွက်နေတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ရဟန်း ၂ ပါးအပါ ၁၀ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ရဟန်း ၂ ပါးအပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။