အကြမ်းဖက်စစ်အုပ်စုရဲ့ ရှေ့တန်းတပ်စခန်း၊ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို AIF Myanmar က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တိုက်ခိုက်မှုအတွင်း ဒရုန်း Jammer ၂ ခု ၊ ထောက်ပံ့ရေး စုဆောင်းနေရာ ၄ ခုတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ရှေ့တန်းတပ်စခန်းရှိ စစ်အရာရှိ ၂ ဦး၊ တပ်သား ၆ ဦးသေဆုံးကာ နဲ့ ၈ ဦး ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

AIF ဟာ မိတ်ဖက်မဟာမိတ်များနှင့် ပူးပေါင်းကာ ထိရောက်တဲ့ FPV ဒရုန်းအစီအစဉ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် ရန်သူရဲ့ မဟာဗျူဟာဆိုင်ရာ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားနိုင်ခဲ့သလို အဆင့်မြင့်နည်းပညာများကို အသုံးပြုပြီး Jammer များကြောင့် ဖြစ်ပေါ်လာတဲ့ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Video-AIF Myanmar
0 Shares:
You May Also Like
Read More

Popa Guerilla Force (PGF) တပ်ဖွဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး (ရုပ်/သံ)

Popa Guerilla Force (PGF) တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူနယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို အောက်တိုဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနှင့် သယ်ဆောင်လာသည့် မူးယစ်ဆေးများ ဖမ်းမိကြောင်း CDF – Hakha ထုတ်ပြန် (ရုပ်/သံ)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဗားရ်တံတားမှာ ယင်းမာပင်ခရိုင်အမှတ် (၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းဆီးရမိကြောင်း Chinland Defense Force-Hakha က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ရွာက ပြည်သူတွေကိုသတ်ဖြတ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ရွာကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၇ ရက် ညပိုင်းက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  Young Force–UG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ယနေ့မနက် နမ္မတူမြို့ အရပ်သားများနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့ အထကကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ အထကကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။