မန္တလေးတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်များ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်ခဲ့ပြီဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံမီဒီယာတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကတဆင့် စဥ့်ကူးမြို့နယ်အတွင်းကို စစ်ကြောင်းခွဲပြီး စတင်ဝင်ရောက်နေခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်ရှိတဲ့ လက်ပံလှရွာကို ရရှိခဲ့သလို မ‌နေ့ ဒီဇင်ဘာလ ၁၉ရက်မှာတော့ စဥ့်ကူးမြို့ကိုပါ ရရှိသွားတာလို့ ပြောခဲ့ကြတာပါ။

စစ်အုပ်စု ဝါဒဖြန့်ချန်နယ်တွေရဲ့ ဖော်ပြချက်အရ သပိတ်ကျင်း-ဝါးဖြူတောင်ကတစ်ဆင့် ဇရပ်ကွင်းကျေးရွာဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီကမှတဆင့် လိပ်ကျ၊ ချောင်းကြီးနဲ့ နွယ်ရုံတို့ကို ရရှိသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ် နွယ်ပင်ရွာကိုလည်း စစ်ကြောင်း၄ခုခွဲကာ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ဆိုပါတယ်။ တော်လှန်ရေးတပ်တွေ အဆိုပါဒေသတွေက စခန်းတွေကနေ ဆုတ်ခွာပေးထားကြောင်း၊ ထိတွေ့မှုတွေကတော့ ရှိနေဆဲ ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့လက်လွှတ်ထားရတဲ့ စဥ့်ကူးမြို့ကို ပြန်လည်ရရှိနိုင်ရေးအတွက် လေကြောင်းဂျက်ဖိုက်တာ၊ ဒရုန်းအပါအဝင် လက်နက်ကြီးနဲ့ မြေပြင်အင်အား အဆမတန် အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

“ဒီဇင်ဘာလဆန်းလောက်တည်းက စဥ့်ကူးကိုသူတို့ ဝင်ဖို့လုပ်နေတာ၊ စဥ့်ကူးတောင်ဘက် မတ္တရာအစပ်ကနေ တစတစတိုးနေတာပေါ့။ စစ်ကြောင်းမထိုးခင် လက်နက်ကြီးတွေပစ်၊ လေကြောင်းတွေ တရစပ်အရင်သုံးတယ်။ ပြီးမှစစ်ကြောင်းက လိုက်ဝင်တဲ့သဘောပါ” လို့ အဆိုပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၁ရက်နဲ့ ၁၄ရက်နေ့တွေကလည်း အဲ့ဒီလက်ပံလှရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၅ယောက်ထိခိုက်ကာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။

မန္တလေးမြို့နဲ့ ၅၄ မိုင် အကွာမှာရှိတဲ့ စဉ့်ကူးမြို့နယ်ကို ပြီးခဲ့တဲ့နှစ် ၁၀၂၇ ရှမ်းမန်းစစ်ဆင်ရေး ဒုတိယပိုင်းမှာ MDY PDF နဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
ဓတ်ပုံ-စစ်အုပ်စု

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ်မှာ တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံး…

" တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ"လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သထုံမှာ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ အခင်းဖြစ်ပွားချိန်က အရပ်သားအစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်…

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် တို့ပါ ပါဝင်တယ်လို့ သိရပါတယ်။
Read More

ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး (၂)ဦးသေဆုံး အမျိုးသား (၁)ဦး ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အမျိုးသမီး (၂) ယောက် သေဆုံးပြီး အမျိုးသား (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ Kawlin People Defence Force က ထုတ်ပြန်ပါတယ်။
Read More

မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ကူညီအားပေးပြီး စစ်ကောင်စီရဲ့ ဖိအားပေးလုပ်ရပ်တွေကို အကူအညီမပေးဖို့ ထိုင်းကို NUG တောင်းဆို

ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ်  အားပေးကူညီပြီး စစ်ကောင်စီရဲ့ ဖိအားပေး လုပ်ရပ်တွေကို အကူအညီမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။