စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားတစ်ယောက်ဟာ သေနတ် ၂ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ရွှေဘို တထပ-၂ က ထောက်ပို့တပ်သား ကျော်မျိုးသူဟာ ကြာဖူးအဝိုင်းဂိတ်မှာ တာဝန်ကျနေတာ ၁ နှစ်ကျော်ခန့် ရှိပြီဖြစ်ပြီး အခု အလင်းဝင်ရာမှာ MA 1 အမျိုးအစား သေနတ် ၁ လက်နဲ့ G 3 အမျိုးအစား သေနတ် ၁ လက် ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

“သူက ထောက်ပို့စစ်သည်။ ၂၀၀၉ ကတည်းက တာဝန်ထမ်းဆောင်နေတာပါ။ ကျနော်တို့ ပကဖ လုံခြုံရေးဂိတ်ကို သေနတ်တွေနဲ့ တိုက်ရိုက်ရောက်လာခဲ့တာ” လို့ ရေဦး ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။

လက်နက်တွေ ယူဆောင်လာမှုကြောင့် ဂုဏ်ပြုငွေ သိန်း ၁၀၀ ချီးမြှင့်ခံခဲ့ရတဲ့ ကျော်မျိုးသူဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကော်မရှင်တပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းထဲက ပြည်သူ့အခြေပြုကျေင်းမှာ လေကြောင်းရန် ကာကွယ်ရေး ၊ GBV အသိပညာ‌ပေးခြင်းနဲ့ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ လေကြောင်းရန် ကာကွယ်ရေးတွေ၊ Gender – Based Violence အသိပညာ‌ပေး ဟောပြောပွဲနဲ့ ဖဲကြိုးဖြူ ကမ်ပိန်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီ‌နေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ စစ်တပ်ထဲမှာ အမျိုးသားရေးအစွန်းရောက်တွေနဲ့ စစ်တပ်နဲ့နီးစပ်သူတွေကို စစ်သင်တန်းပို့ချနေ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီနဲ့ PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁ယောက်သေကာ ဒုတပ်ရင်းမှူး ခြေထောက်ဖြတ်လိုက်ရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၀)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ယောက်သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၈ယောက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာ နေအိမ်များကို စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ တန်ဖိုးရှိ ပစ္စည်းများကို သယ်ဆောင်သွား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။