တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အမှတ် (၅၅၇) ခြေမြန်တပ်ရင်းက ဒုတပ်ကြပ်အပါအဝင် စစ်ကော်မရှင်တပ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးဘက် အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့၊ အောက်ကင်းအခြေစိုက် ခမရ (၅၅၇)တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်သား ၃ ယောက်ဟာ တနင်္သာရီတိုင်းစစ်ဌာန၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့နဲ့ ဆက်သွယ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ 

အလင်းဝင်ရောက်လာသူတွေထဲမှာ ဒုတပ်ကြပ် အဆင့်ရှိသူ ၁ ယောက်နဲ့ ပြည်သူ့စစ်မှုထမ်း ၂ ယောက် ပါဝင်ပြီး သူတို့နဲ့အတူ MA-4 သေနတ် (၁) လက်အပါအဝင် MA-3 သေနတ် (၂) လက်၊ ၄၀ မမ ကျည် (၂၅)လုံး၊ ၅.၅၆ ကျည် (၃၄၄) တောင့်နဲ့ ကျည်ဘောက် (၁၁) ခု ကိုပါ တပါတည်း ယူဆောင်လာကြတာဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အလင်းဝင်ရောက်လာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးနယ်မြေအမှတ်(၁) စစ်ဆင်ရေးမှူး ရဲဘော်စောရှားအပါအဝင် တနင်္သာရီတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်စတားနဲ့ တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးအရာရှိ ရဲဘော်စီဝမ်းတို့က လက်ခံကြိုဆိုခဲ့ကြပြီး အမှတ် (၃၅) နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ တနင်္သာရီမြို့နယ် ပကဖဒုတာဝန်ခံ ရဲဘော်ဗီနိုနဲ့ တနင်္သာရီပကဖ တောင်ပံနီ(ဇုန်-၄) တာဝန်ခံ ရဲဘော်ဂျက် တို့က  ဂုဏ်ပြုချီးမြှင့်ငွေတွေ အသီးသီးပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ တနင်္သာရီတိုင်းစစ်ဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေဆီ ပူးပေါင်းအလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သားအရေအတွက် ရာနဲ့ချီရှိနေပြီဖြစ်ပြီး အလင်းဝင်ရောက်လာသူတွေကို နွေးနွေးထွေးထွေး ကြိုဆိုနေကြောင်းနဲ့  လက်နက်နဲ့တကွ လာရောက်ရင် ဂုဏ်ပြုချီးမြှင့်တာတွေပါ လုပ်ဆောင်ပေးနေကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

Myanmar Defense Force က ကျဆုံးရဲဘော် ၃ ယောက်အတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ထပ်မံဗုံးကြဲလို့ အမျိုးသား တစ်ဦး ဒဏ်ရာရ တစ်လနီးပါးအတွင်း သီပေါမြို့နယ်ကို စစ်ကောင်စီ ၆ ကြိမ် ဗုံးကြဲခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု အကြမ်းဖက်လုပ်ရပ်များကြောင့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦး သေဆုံး

နိုင်ငံတစ်ဝန်းမှာ ၂၀၂၅ ခုနှစ်အတွင်း အခုချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် ပညာရေးကဏ္ဍက ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အယောက် (၅၀) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

၂ ပတ်ကြာ စစ်အုပ်စု စစ်ကြောင်းထိုးနေသည့် ရေစကြိုတွင် ခေါင်းဖြတ်မီးရှို့သတ်ခံထားရသည့် အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က မြေတော်ရွာမှာ ခေါင်းဖြတ်မီးရှို့သတ်​ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့ပြီး စစ်အုပ်စုတွေက အရပ်သား​ပိုင်ပစ္စည်းတွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေကြတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေး အဖွဲ့ဝင်တွေ ဝင်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကပစ ၂၂ က စစ်သား ၃ ယောက်သေ၊ ၂ ယောက် ပြင်းထန်ဒဏ်ရာရ..

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး ကပစ ၂၂ က အကြမ်းဖက်စစ်သား ၃ယောက်သေကာ ၂ ယောက်စိုးရိမ်ရကြောင်း တကိုယ်တော် ကိုကျားဇိုး က မောင်းသတင်းဌာနကို ပြောပါတယ်။