တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် မနက် ၁ နာရီအချိန်မှာ CDM ပညာရေးဝန်ထမ်းဖြစ်သူ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ ပုလောမြို့နယ်၊ ဆားခဲကျေးရွာက သူတို့ရဲ့နေအိမ်မှာ ဓားဒဏ်ရာ အချက်ပေါင်းများစွာ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တာကြောင့် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းအနေနဲ့ ပြင်းထန်စွာ ရှုတ်ချပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“တရားခံ ဘယ်သူဘယ်ဝါဆိုတာတော့ ကျနော်တို့ မသိသေးပါဘူး။ အသတ်ခံရတဲ့ အကြောင်းအရင်းကိုလည်း မသိရသေးပါဘူး။ လတ်တလောတော့ တိုးတက်မှုအချို့ရှိတယ်။ အချိန်ကျရင် အသိပေးထုတ်ပြန်ပါမယ်” လို့ မြိုတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရသည့် CDM ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်း

လက်ရှိမှာတော့ ကျူးလွန်သူတရားခံတွေကို ဖမ်းဆီးရမိရေးနဲ့ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ဦးဆောင်ပြီး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

“ပြစ်မှုကျူးလွန်သူများအနေဖြင့် မည်သည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်သည်ဖြစ်စေ မိမိတို့တပ်ရင်းမှ အစွမ်းကုန် လိုက်လံစုံစမ်း ဖော်ထုတ်သွားမည်” လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထုအနေနဲ့လည်း တရားခံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိရင် တပ်ရင်းတာဝန်ရှိသူတွေထံ ယုံကြည်စိတ်ချစွာ သတင်းပေးဖို့လည်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းကနေ အသိပေးထားပါတယ်။

CDM ဆရာမ ဒေါ်အေသီအောင်ဟာ ဒေသအတွင်းက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စာတတ်မြောက်ရေးအတွက် ရှေ့တန်းကနေ ဦးဆောင်ကြိုးပမ်းနေသူတယောက်ဖြစ်ပြီး ပုလောမြို့နယ်၊ ပညာရေးဘုတ် အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရ၊ ကြူကြူလှနှင့် စစ်အရာရှိများ သိက္ခာကျဆင်းအောင် ပြောဆိုရေးသားမှုအတွက် အမှုဖွင့်ခံထားရကြောင်း သတင်းထွက်

သမီးဆိုး’ လို့ လူသိများတဲ့ အွန်လိုင်းဆယ်လီ သက်ကိုကိုဟာ အောက်တိုဘာ ၁၂ရက် ဒီနေ့လယ်ပိုင်းက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တချို့ဆီက သိရပါတယ်။
Read More

မိုးမိတ်မြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် (၁) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူလူထု နေအိမ် (၁) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်မြို့နယ် နှောပင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီ (၂၅) ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း နှောပင်ကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၂၅ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိုင်ကယ်ကယ်ရီသမား ဟန်ဆောင်ပြီး တော်လှန်ရေးသတင်း စုံစမ်းနေသည့် ပျူစောထီး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဆိုင်ကယ်ကယ်ရီသမား ဟန်ဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  သတင်းတွေကို စုံစမ်းထောက်လှမ်းနေတဲ့ ပျုစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စီပါရွာ ဖြစ်ရပ်ဆိုးဟာ စစ်ရာဇဝတ်မှုမြောက်လို့ ICC ကတဆင့် စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

သံတောင်ကြီးတွင် မြေပြိုမှုများကြောင့် လူ ၈ ဦး ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ ကလေးငယ်တွေ အပါအဝင် လူ ၈ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွထံက ကနဦး သိရပါတယ်။