တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်က ဒီမနက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်တဲ့အနေနဲ့ ရေဖြူမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဲ့ ရေဖြူမြို့မရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တချိန်တည်းမှာပဲ စစ်အုပ်စုရဲ့ ခမရ ၄၀၆၊ ခမရ ၄၀၇၊ အမတ ၃၀၄၊ ရေဖြူမြို့တံတားစစ်ဆေးရေးဂိတ်၊ ရေဖြူမြို့ ရပ်တော်မူဘုရား ယာယီစခန်းတို့ကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုအတွင်း ရေဖြူမြို့ကို ခေတ္တထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုရှိရာနေရာကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့အတွက် အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေနဲ့ ရဲစခန်းအတွင်းရှိ နေရာတချို့ကို မီးရှို့ရှင်းလင်းပြီး တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ဗျူဟာ (၃၃) ဒေါနစစ်ကြောင်း (၃) KBDF၊ ဗျူဟာ (၃၃) ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ရေဖြူပကဖ၊ Ba Htoo Army၊ ဂျိုးဖြူပြောက်ကျား၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ – DEFPDF၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF၊ Aဒင်မှူး၊ DNU၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ရင်းချေမှုန်းရေးတပ်ခွဲ(၇) LPF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Video – Tavoy People Liberation Force-TPLF

0 Shares:
You May Also Like
Read More

လန်ဆယ်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်သားများ ထမင်းမစားရဘဲ တိုက်ပွဲဝင်နေရကြောင်း ဖမ်းဆီးခံ စစ်သုံ့ပန်းပြောကြား (ရုပ်/သံ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားလျက်ရှိတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ပြောကြားခဲ့ပါတယ်။ 
Read More

တောကျီးကန်းတပ်ရင်း ရဲဘော်များ၏ နေထိုင်လှုပ်ရှားမှုပုံရိပ်များ ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောကျီးကန်းတပ်ရင်း ရဲဘော်တွေရဲ့ နေထိုင်လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးကင်းပုန်းယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်- မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ မတ်လ ၆ ရက် နံနက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးကင်းပုန်းယာဉ်တန်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးဖြူးစစ်ကြောင်းထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ စစ်သားတွေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတဲ့အတွက် ပြည်သူ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေက အရပ်သား နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ က ရှော့တိုက်ဒုံးစမ်းသပ်ထုတ်လုပ်စဉ် မတော်တဆမှုဖြစ်ပွား (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ လက်နက်ကြီးစမ်းသပ်မှုအတွင်း အမှတ် ၁ စစ်ဒေသ ယင်းမာပင် ခရိုင်တပ်ရင်း ၃၅ ရဲ့ ရှော့တိုက်ဒုံးစမ်းသပ်ထုတ်လုပ်စဉ် မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ယင်းမာပင်ခရိုင် တပ်ရင်း၃၅ - People's Defence Army က ထုတ်ပြန်ပြသထားပါတယ်။