မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။

အဲဒီ ပူးတွဲထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်အုပ်စုက ကိုထက်မြတ်အောင်ကို ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လို ဖမ်းဆီးသွားတယ်ဆိုတာကို ဖော်ပြမထားပေမယ့် မန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရစဉ် ပြင်းပြင်းထန်ထန် အကြမ်းဖက် ရိုက်နှက်ခံခဲ့ရသလို အသက်အန္တရာယ်ကိုပါ စိုးရိမ်ပူပန်ရတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ကိုထက်မြတ်အောင်ဟာ အသက် ၂၄ နှစ်အရွယ် ကျန်းမာရေး အထူးကောင်းမွန်တဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အဓမ္မ ဖမ်းဆီးခံရပြီးနောက် ကိုထက်မြတ်အောင်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်‌ပေါ်ခဲ့ရင် အကြမ်းဖက်စစ်တပ်အနေနဲ့  လုံးဝ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆို ပါတယ်။ 

အဓမ္မဖမ်းဆီးခံခဲ့ရတဲ့ ကိုထက်မြတ်အောင်ဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သလို အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

(ဓာတ်ပုံ GSCB)

ကိုထက်မြတ်အောင် ဖမ်းဆီးခံရမှု အခြေအနေနဲ့ပတ်သက်ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) နဲ့  အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်မှာ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ပြီး မန္တလေးမြို့ ဈေးချိုမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့မှာ လူထုတရပ်လုံး အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ ဆန္ဒပြမှုနဲ့ပတ်သတ်ပြီး အကြမ်းဖက် စစ်တပ်က ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးနဲ့ ကိုထက်မြတ်အောင် အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ) နဲ့ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်းမှာ အမှုဖွင့် ဆုငွေထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

PDF Zoland အခြေခံစစ်သင်တန်း အပတ်စဥ် (၁၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်ရှိ ဇိုမီးတော်လှန်ရေးတပ်ဖွဲဖြစ်တဲ့ PDF Zoland ရဲ့ အခြေခံ စစ်သင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်မှာ  ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခန်းတိုက်ပွဲမှာ စစ်တပ် ဒုဗိုလ်ကြီးနှင့် စစ်ကြောင်းမှူးအပါ အများအပြား ထိခိုက်သေဆုံး၊ စစ်တပ်က အလံဖြူထောင်သူတွေကို အချင်းချင်း ပစ်သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစ​ကြိုမြို့နယ်မှာစစ်ကြောင်းနောက်ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ (ခလရ) တပ်ရင်းတွေ ပခန်းမြို့မြောက်ဘက်လမ်းခုလတ်တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုဗိုလ်ကြီးဖြစ်သူနဲ့ စစ်ကြောင်းမှူးတွေ အပါအဝင် ထိခိုက်သေဆုံးသူ များ​ပြားခဲ့ကြောင်း သိရပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံး လုပ်ဆောင်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ်ကို ပြန်ရလိုက်တဲ့ အကြမ်းဖက်စစ်တပ် ဘယ်ဒေသတွေကို ပိုမိုထိုးစစ်ဆင်လာနိုင်မလဲ

တရုတ်ရဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA တပ်တွေ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး ပြန်လည်ဆုတ်ခွာရချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်၊ ကချင်နဲ့ ချင်းဘက်တွေကို စစ်ရေးအရ ပိုမို ဖိအားပေးတိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။
Read More

လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့မရနိုင်ဘူးလို့ SNLD သတိပေး

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်မှာ စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားပစ်ခတ်ရာ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ…

သံဖြူဇရပ်မြို့နယ် ရှိ ကလိန်ပဒေါ ရွာ အနောက်ဖက်မှာ အင်အား (၁၇၀) ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ညိုစစ်ကြောင်းနဲ့ KNLA (Karen National Liberation Army) တပ်ရင်း (၂၇) တို့ ပူးပေါင်းပြီး ပြောက်ကျား ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။