လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့တဲ့ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးထပ်ကြဲလို့ စစ်ရှောင်တွေကြား စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြန်လည်ဆိုးရွားလာကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ – ကန့်ဘလူခရိုင်အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက် ညနေပိုင်းက ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်မှာရှိတဲ့ ပဇီကြီးရွာကို စစ်တပ်ရဲ့ ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးတက် ဂျက်ဖိုက်တာဟာ ပဇီကြီးရွာဘုန်းကြီးကျောင်းပေါ်ကို ပေါင် ၅၀၀ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းဝန်းထဲရှိနေတဲ့ ကျောင်းဆောင် ၅ ဆောင် ထိခိုက်ပျက်စီးကာ ဘုန်းကြီး ၁ပါးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိပါတယ်။

ဘုန်းကြီးဖြစ်သူရဲ့ လက်၊ ဝမ်းဗိုက်နဲ့ ကျောတို့မှာ ဗုံးစတွေထိမှန်ခဲ့တာကြောင့် လက်တလော ဆေးကုသမှု ခံယူနေရတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ၂နှစ်ကျော် ၃နှစ်နီးပါးရှိလာချိန်မှာ စစ်အုပ်စုက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ နှစ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ် ၃၇ ယောက် အပါအဝင် ပြည်သူ ၁၅၆ ယောက်အထိ သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ ကြီးမားတဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေထဲက တစ်ခုအဖြစ် စာရင်းဝင်ခဲ့တာပါ။ 

အကြမ်းဖက်စစ်တပ် ဆိုးဆိုးရွားရွား လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီဖြစ်စဥ်ကြောင့် သေဆုံးထိခိုက်ခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ အရပ်သားတွေဟာ လက်ရှိအချိန်အထိ ကြောက်ရွံ့ထိတ်လန့်စိတ်အပြည့်နဲ့ စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

“ညက အသံကြားတော့ အကုန်လုံး ထိတ်လန့်ငိုရတယ်ကွယ်၊ ခံစားချက်တွေအသစ်ဖြစ်လို့ အခုပြန်ပြောရင် မနေ့တနေ့က ဖြစ်တဲ့အတိုင်းပဲ ကမ္ဘာပျက်သလိုပါပဲကွယ်။ မျက်စိထဲက မထွက်ဘူး၊ အသားစတွေ၊ ကလေး-ခန္ဓာ-ကိုယ်-အ-ပိုင်း-အ-စတွေ၊ ခြေတွေလ-က်တွေ ၊အသား-ညှော်နံ့တွေ၊ ဆုံးရှုံးခဲ့တဲ့ မိသားစုဝင်တွေ၊ ချက်ချင်းကြီး ဘယ်သူဘယ်ဝါဆိုတာ မကွဲတော့တဲ့ခံစားချက်၊ မပီပြင်ဝိုးတဝါးမို့ ဘယ်ကြိုဘယ်ကြားကများ အသက်ရှင်လျက်ပြန်လာမလဲဆိုတဲ့ မျှော်လင့်စိတ်နဲ့ အခုထိစောင့်နေကြတဲ့ မိသားစုဝင်တွေ အများကြီးပါကွယ်၊ ဒီအဖြစ်ဆိုးမျိုးလဲ ထပ်မကြုံချင်ဘူး၊ နှစ်ချီအိပ်ပျက်ခဲ့ရတဲ့ ညတွေကနေ လွတ်မြောက်ခါစရှိသေးတယ်၊ အခုအဲ့ဒါကို အသက်ပြန်သွင်းသလိုဖြစ်တော့ အိပ်မပျော်တဲ့ညတွေထပ်ရပြန်ပြီ၊ အမေကြီးတို့အဖို့တော့ စစ်ကြီးမပြီးမချင်း ရွာထဲပြန်နေဖို့ စိတ်တောင်မကူးရဲတော့ပါဘူးကွယ်” လို့ ပဇီကြီးစစ်ရှောင် အဒေါ်တစ်ယောက်က ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

ပဇီကြီးရွာနေ အရပ်သားတွေဟာ လေကြောင်းဒဏ်ခံရအပြီး လက်ရှိ ၃နှစ်နီးပါးရှိလာချိန်အထိ ကျေးရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်နိုင်တဲ့ စိတ်အခြေအနေတွေမရှိသေးဘဲ လေကြောင်းအန္တရာယ်နဲ့ စစ်ကြောင်းအန္တရာယ်တွေကို အမြဲတမ်း စိုးရိမ်ထိတ်လန့်နေကြရတယ်လို့လည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါတယ်။

“(အကြမ်းဖက်စစ်ကောင်စီတပ်က) ပါးစပ်ကဘုရား.. ဘုရား..လက်က ကားယားကားယားဆိုတဲ့ ဆိုရိုးအတိုင်း ဟန်ရေးပြ ဘုရားတည်ကျောင်းဆောက်လိုက်၊ ပညာရေးဦးစားပေးတယ်ပြောလိုက်နဲ့ အပြောနဲ့ အဟောမလိုက်ဘဲ လက်တွေ့မှာ ဘာသာရေးအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို အ‌ကြောင်းမဲ့သက်သက် အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတာပါ” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ-ကန့်ဘလူခရိုင်အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကြီးအပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက သူတို့ထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့ မြို့နယ်၊ ကျေးရွာတွေကို အရင်ထက် ဆိုးဆိုးရွားရွား ပိုပြီး လေကြောင်းတိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တရုတ် စပွန်ဆာဖြင့် ပြုလုပ်သည့် ရွေးကောက်ပွဲအတုကို အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ဖြင့် တိုက်ဖျက်ကြရန် GSCB တိုက်တွန်း

တရုတ်နိုင်ငံရဲ့ စပွန်ဆာနဲ့ ပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို လူထုအားနဲ့ တိုက်ဖျက်ဖို့အတွက် လူထုတိုက်ပွဲရဲ့ အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမှာ စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူရွာထဲကို တော်လှန်ရေးတပ်တွေ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ​အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာကို ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းကိုပြောပါတယ်။
Read More

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံမူကြမ်းကို ပြည်သူတွေသိရှိနိုင်ဖို့ ထုတ်ပြန်

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းကို ပြည်သူတွေသိရှိနိုင်ဖို့နဲ့ အကြံပြုချက်တွေ ထပ်မံပေးပို့နိုင်ဖို့  မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို စစ်ကောင်စီ သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူ မရှိသေး

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

ဘုတလင်တွင် အလင်းဝင်ချင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန်ရေးတပ်များက ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်လိုတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက်ကို ခက်ခက်ခဲခဲ သွားရောက်ခေါ်ထုတ်ပေးခဲ့ရကြောင်း Budalin Mobile Team (BMT) ရဲ့ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kaw Lin People Defense Force (KLPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။