စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသွားတွေရှိရာ ခရိုင်ချင်းဆက်လမ်းမပေါ်ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သံဃာတော် ၁ပါး အပါအဝင်  လူ ၄ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၆ရက် (ဒီနေ့) မနက်ပိုင်းကစလို့ အကြမ်းဖက်စစ်အုပ်စုက ရွှေဘိုမြို့နယ်၊ အရှေ့မြောက်ဘက်နဲ့ အရှေ့တောင်ဘက်ခြမ်းနေရာတွေဆီ လေကြောင်းတိုက်ခိုက်မှု ၁၈ကြိမ်ထက်မနည်း လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာတွေအပါအဝင် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် ဂျိုင်ရိုကော်ပတာတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်းမှာရှိတဲ့ သဲကျွန်းကျေးရွာ အရှေ့ဘက်နဲ့ အမှတ်-၃ လမ်းမပေါ်တည့်တည့်ကိုလည်း စစ်အုပ်စုက ဒီနေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် သံဃာ၁ပါးနဲ့ အရပ်သား၃ယောက် သေဆုံးကာ ၄ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကား ၃စီး မီးလောင်ပျက်စီးပြီး ဗုံးထိမှန်ခဲ့တဲ့ကားတွေလည်းရှိခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူကပြောပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းဖြစ်တဲ့ အမှတ်၃ လမ်းမပေါ်က အရပ်သားတွေရှိရာဆီ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ခရိုင်ချင်းဆက်လမ်းက ဒီတစ်လမ်းပဲရှိတော့ ကားတွေက ဒီလမ်းပေါ်ကိုပဲ အားကိုးပြီးသွားနေရတယ်။ ဒါကို စကစက အရပ်သားကားတွေ ခရီးသွားတဲ့လမ်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာပါ။ ဂျက်ဖိုက်တာက ၁၆ကြိမ်၊ ဂျိုင်ရိုက ၂ကြိမ်လောက်နဲ့ တိုက်ခိုက်ခဲ့တာပါ။” လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရွှေဘိုမြို့နယ်အတွင်း လက်ရှိအခြေအနေအရ စစ်ရေးတင်းမာနေပြီး အကြမ်းဖက်စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၅ရက်နေ့ကလည်း  ရွှေဘိုမြို့  ခလရ(၄၂ )တပ် အထိုင်စခန်းကို ရွှေဘိုမြို့နယ် ပကဖလက်ရုံးတပ်ဖွဲ့ (တိုက်ခိုက်ရေးအဖွဲ့ -PDO) နဲ့ ပကဖပူးပေါင်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်အုပ်စုလေကြောင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကားများနှင့် သေဆုံးအလောင်းများ (ဓာတ်ပုံ Wetlet Informational Network)

0 Shares:
You May Also Like
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF အမှတ် ၃ စစ်ကြောင်းမှ ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ အမှတ် ၃ စစ်ကြောင်းက ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

ရေဘေးသင့်ဒေသတွေမှာ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ဆယ်ရေးနဲ့ လှူဒါန်းမှုတွေလုပ်နေ

ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတဲ့ ကျေးရွာတွေကို ဧရာဝတီတပ်ရင်း၃ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးအပြင် စားနပ်ရိက္ခာ လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေကြကြောင်း သိရပါတယ်။ ရေဘေးသင့်ပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်နေကြရတဲ့ ပြည်သူတွေကို အဝတ်အထည်၊ သောက်ရေသန့်နဲ့ စားစရာတွေကိုပါ လှူဒါန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

လူစားထိုး စစ်မှုထမ်းရသူ ၄ ဦး နမခ မှ မုံရွာပကဖဆီ ထွက်ပြေးအလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ လက်နက်တွေနဲ့ ထွက်ပြေးလာတဲ့ အဓမ္မစစ်မှုထမ်း စေခိုင်းခံရသူတွေကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ရွာငံမှာ မြို့အဝင်ဘီးခွန်ဂိတ်၊ မူးယစ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက စစ်အုပ်စုတွေ ဝင်ရောက်ပစ်ခတ်ခံရပြီး ရဲအရာရှိ၁ယောက်အပါ ၁၃ယောက်သေ

ရှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ မြို့အဝင်ဘီးခွန်ဂိတ်အပါအဝင် မူးယစ်ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က အကြမ်းဖက်စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး မူးယစ်ရဲအရာရှိ၁ယောက် အပါအဝင် အကြမ်းဖက်ရဲနဲ့ စစ်သား ၁၃ယောက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသည့်လုပ်ရပ်များ မလုပ်ခဲ့သလို NUG လည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကတိပြုကြောင်း ယာယီသမ္မတ ပြောကြား

"ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ "Kim" ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ "Kim" ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူအတွက် သားဖြစ်သူ "Kim" ဟာ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ "ကင်ရဲ့ မိခင်" ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ " လို့ ယာယီသမ္မတက ဆိုပါတယ်။