အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ ရဲဘော် မိုးညို (ခ) နက်ရှိုင်းက ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြုလုပ်ထားတဲ့ “ရောင်နီပြမည် ချောက်မြို့ဆီ” ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ရဲဘော် မိုးညို(ခ) နက်ရှိုင်းဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် လာရောက်ကယ် ထုတ်ပေးကြတဲ့ မဟာမိတ်တပ်ဖွဲ့တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပြီး ရှေ့ဆက်ပြီးနောက် တော်လှန်ရေးမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြုလုပ်ထားတဲ့ “ရောင်နီပြမည်ချောက်မြို့ဆီ” ကမ်ပိန်းကို သိန်းတစ်သောင်းရရှိဖို့ ရည်မှန်းထားပြီး ကမ်ပိန်းကာလကို ဖေဖော်ဝါရီ ၃ ရက် ၂၀၂၆ ခုနှစ်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ရရှိလာတဲ့ ငွေကြေးကို စစ်ရေးအသုံးစရိတ်ဖြစ် အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

Video – People Defense Force Chauk

0 Shares:
You May Also Like
Read More

ဒုံးပျံ Local PDF အဖွဲ့ ထုတ်လုပ်ထားသည့် တာဝေးပစ်အမြောက်ဖြင့် စစ်အုပ်စုကို စမ်းသပ်ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ဒုံးပျံ Local PDF ထုတ်လုပ်ထားတဲ့ တာဝေးပစ်အမြောက်လက်နက် ကြီးနဲ့ စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးစပ်ဖန်တီးသူ တော်လှန်လူငယ် ၂ ယောက်ထဲက ၁ ယောက် ဖမ်းဆီးခံရပြီး အစအန ပျောက်နေတဲ့ “နွေမှာပျံသန်းသည့်ငှက်ငယ်”

မြို့ပြပြောက်ကျား လူငယ်နှစ်ယောက်ဟာ တော်လှန်ရေးကာလအတွင်း ပြေးရင်းလွှားရင်း “နွေမှာပျံသန်းသည့်ငှက်ငယ်” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ရေးစပ်ဖန်တီးခဲ့ကြပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း ရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရကာ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင်အတွင်း ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ Y-12 လေယာဉ်တွေနဲ့ ၁၂၀ မမ ဗုံးသီးတွေ ဆက်တိုက်ကြဲချ တိုက်ခိုက်နေတယ်လို့ Democracy Movement Strike Committee-Dawei က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံတွင် အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင် အမှတ် -၂ တပ်ရင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်ချေမှုန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။