အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။

ခိုင်မာကျယ်ပြန်တဲ့ တပ်ပေါင်းစု ပေါ်ထွက်လာဖို့အတွက် တော်လှန်ရေးအဖွဲ့ (၇) ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလမှာ စတင်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ပထမအပတ်ထဲမှာ တပ်ဖွဲ့ (၁၄) ဖွဲ့ ကနဦး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကနေ ဘုံသဘောတူညီချက်တွေ ရရှိလာပြီးနောက် ထပ်မံဖိတ်ကြားသင့်တဲ့ အဖွဲ့တွေကို ဖိတ်ခေါ်ကာ တပ်ပေါင်းစုဖြစ်မြောက်ရေး ညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ ၂၁ရက်နေ့ကစလို့ ၃ရက်ကြာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါ ညီလာခံမှာ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို အဖွဲ့ဝင် တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်ပေါင်းစုရဲ့ ဖွဲ့စည်းပုံစည်းမျဥ်းတွေ၊ ရှေ့လုပ်ငန်းစဥ်တွေ ချမှတ်ပြီး တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုမှာ ပါဝင်တဲ့ အဖွဲ့ ၁၉ ဖွဲ့ကတော့ 96 Soliders ၊ ဗမာ့တပ်တော် (BA) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ချင်းညီနောင် (CB) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) ၊ Force Federal Democracy (FFD) ၊ GZA (Generation Z Army) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ကလေးဒေသတော်လှန်ရေးတပ် (KRF) ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK/ PPDF-KD) ၊ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ယောတပ်တော် (YA) နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာရေးအတွက် နွေဦးတော်လှန်ရေးရဲ့ လွှမ်းမိုးကွပ်ကဲမှုနဲ့ ချိတ်ဆက်မှုအားနည်းချက်တွေကို ပြင်ဆင်ကာ ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ရပ်တည်ပြီး စုစည်းညီညွတ်စွာ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

တပ်ပေါင်းစုထဲမှာ မပါဝင်နိုင်သေးတဲ့ တခြားသော နွေဦးတော်လှန်ရေး အင်အားစုတွေကိုလည်း မူဝါဒသတ်မှတ်ချက်တွေနဲ့အညီ ထပ်မံဖိတ်ခေါ်သွားမယ်လို့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဝင်ရောက်နှမ်းဖြူးနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေးမြို့မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွင်း ပါဝင်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂၊ ရေးပြောက်ကျားတပ် (YGF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့တိုက်ပွဲအတွင်း CDF- Matupi မှ စစ်ဦးစီးဌာနမှူးကျဆုံး

"တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ" လို့ Chinland Defense Force - Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

မကြာသေးမီက အပြီးသတ်ဝယ်ယူခဲ့သည့် Airbus လေယာဥ်ကြီးစီးကာ မင်းအောင်လှိုင်နှင့်ဇနီး ရုရှနိုင်ငံသို့ ယနေ့ထွက်ခွာ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးကြူကြုလှတို့ဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့အတူ နှစ် ၈၀ ရင်ပြင်နီအခမ်းအနားတက်ရောက်ဖို့ ဒီကနေ့ရုရှနိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။