ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

အကျဥ်းသားတွေအနေနဲ့ ငွေမပေးရင် အခန်းပြောင်းခံရတာတွေ၊ အဆောင်ပြောင်းခံရတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အကျဥ်းထောင်ဝန်ထမ်း တပ်ကြပ်ကြီး မြင့်ချို၊ ထပ်သား ရဲဝေထွန်းနဲ့ တပ်သား မြတ်မင်းအောင်တို့က အကျဥ်းသားတွေရဲ့ မိသားစုတွေထံက ပိုက်ဆံလိမ်လည်တောင်းယူပြီး အဲဒီငွေတွေက အကျဥ်းသားတွေဆီ မရောက်သလို အကျဥ်းသားတွေ သိတောင်မသိဘူးလို့ ဆိုပါတယ်။

အကျဥ်းသား မိသားစုတွေထံက ငွေလိမ်လည်တောင်းယူမှုမှာ အိပ်ဆောင် ၂က အိပ်ဆောင်မှူဝန်ထမ်း တစ်ပွင့် မျိုးသက်အောင်၊ အိပ်ဆောင် ၃ က အိပ်ဆောင်မှူး တစ်ပွင့် ရဲဟိန်း၊ အိပ်ဆောင် ၄ က အိပ်ဆောင်မှူး တစ်ပွင့် အောင်ထက်၊ အိပ်ဆောင် ၅ နဲ့ ၆ တို့က အိပ်ဆောင်မှူးတစ်ပွင့် စိုးရန်နိုင်၊ ပြောင်ကြီးနဲ့ ထက်ဝေတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုထောင်ပိုင် တင့်ဆွေဝင်းကလည်း ညဘက်တွေဆို အရက်သောက်စား မူးယစ်ပြီး အကျဥ်းသားတွေကို စိန်ခေါ်ကာ အိပ်ဆောင်တွေထဲ လေးခွနဲ့ ပစ်ခတ်သောင်းကျန်းသလို ကျန်တဲ့ တပ်သားတွေကိုလည်း သူ့လို လိုက်လုပ်ခိုင်းတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထောင်ဗူးဝပေါ်မှာ တာဝန်ကျတဲ့ တပ်သား မြတ်မင်းအောင် ဆိုသူကလည်း အရက်မူးရင် တောင်ယာလုပ်ကိုင်နေတဲ့ အကျဥ်းသားတွေကို အနိုင်ကျင့် နှိပ်စက်တယ်လို့ ပြောပါတယ်။

ပုသိမ်ထောင်ကနေ ပြောင်းလာတဲ့ သူရမြင့်လွင်ဦး (ခ) သားလေး ဆိုသူကလည်း ထောင်တွင်း မူးယစ်ဆေးရောင်းမှုကြောင့် ထောင်တွင်းပြစ်ဒဏ် (၁၃ နှစ် ၆လ) ကျကာ မြောင်းမြထောင်ကို ထောင်ပြောင်းရောက်လာပြီး ထောင်မှူးကို ဈေးဘားရောင်းပေးမယ်ဆိုကာ ဈေးတွေ အဆမတန်ယူပြီး အာဏာပိုင်တွေအတွက် ငွေရှာပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ လူသတ်မှု၊ မုဒိမ်းမှုတွေနဲ့ ထောင်ကျနေတဲ့ မောင်အေး ဆိုသူကလည်း တန်းစီးနေရာ ပြန်လည်ရရှိဖို့ အာဏာပိုင်တွေအတွက် တစ်လ သိန်း ၅၀ ရှာပေးနေပြီး၊ မင်းထက် (ခ) ဘိုကြီး (သေဒစ်)၊ ခန့်ဝေ (၁၉ နှစ်) တို့ နှစ်ယောက်ကလည်း ရုံးစာရေးဝင်လုပ်ကာ အချုပ်သစ် အကျသစ်တွေထံကနေ ထောင်အာဏာပိုင်တွေအတွက် ငွေရှာပေးနေတယ်လို့ PPNM က စုံစမ်းသိရှိကြောင်း ဆိုထားပါတယ်။

အထက်ပါ လုပ်ရပ်တွေကြောင့် မြောင်းမြအကျဥ်းထောင်မှာ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်နေကြသလို အကြမ်းဖက်ရိုက်နှက်နေတဲ့ အရာရှိတွေ၊ ဝန်ထမ်းတွေနဲ့ အကျဥ်းထောင် လက်ပါးစေတွေကို လူ့အခွင့်အရေး၊ အကျဥ်းသားအခွင့်အရေးတွေ ချိုးဖောက်နေကြသူတွေအဖြစ် သတ်မှတ်ကာ အပြင်းအထန် ရှုံ့ချကြောင်း PPNM က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ အရှေ့ဘန်လောရွာနဲ့ အနောက်ဘန်လောရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

PDF သင်တန်းတက်ရောက်သူတွေဆိုပြီး မအူပင်မြို့မှာ စစ်တပ်က ဖမ်းဆီးလိုက်တဲ့ လူငယ် ၉ယောက် ညှင်းပန်းနှိပ်စက်ခံရပြီး ၁ယောက် သေဆုံး

“အခုသေဆုံးသွားတဲ့ကလေးကို မအူပင်မြို့ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံထဲ ပို့ထားပြီး ဆေးရုံကြီးမှာ အကြမ်းဖက်စစ်တပ်က စစ်သားတွေ စောင့်နေတယ်။ ဆေးရုံကို ဘယ်သူမှအလာမခံတော့ဘဲ အကြမ်းဖက်စစ်တပ်က နေရာယူထားတယ်။ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်နေကြတယ်။ ဘယ်လောက်တောင်ညှင်းပမ်းနှိတ်စက်ခံရမလဲမသိဘူး။ မအူပင်မှာ အခုတာဝန်ကျနေတဲ့တပ်က အရမ်းကိုဆိုးနေတယ်”
Read More

တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းရန် MDY PDF ဖိတ်ခေါ်၊ အမှန်တကယ် စစ်တိုက်ရန် တပ်ဆင်ပံ့ပိုးနိုင်ရေး အပြည့်အဝ တာဝန်ယူသည်ဟု ဆို

တော်လှန်စစ် ဆင်နွှဲချင်တဲ့ မိတ်ဆွေရဲဘော်တွေကို တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံ ပြောဆို

ကိုးကန့်တပ်မတော် (MNDAA)နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံက ဇန်နဝါရီ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။