ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားနဲ့ အပတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်က ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာ တော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေကို အလေးပြုခြင်း၊ စစ်ရေးပြ ဂုဏ်ပြုစစ်ကြောင်းက ချီတက်အလေးပြုခြင်း၊ သစ္စာရေသောက်ခြင်း၊ ထူးချွန်ဆုရ ကျောင်းသားကျောင်းသူတွေကို ဆုချီးမြှင့်ခြင်း၊ အခြေခံ မြန်မာ့သိုင်းစွမ်းရည်ပြသခြင်း စတဲ့ အစီအစဥ်တွေ ပြုလုပ်ခဲ့ပြီး မဟာမိတ်တပ်ဖွဲ့ အသီးသီးက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်သင်တန်းကို သင်ထောက်ကူပစ္စည်း မပြည့်စုံမှု၊ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြားက အခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ကာ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သင်တန်းဆင်းရဲဘော်တွေဟာ တပ်တော်က ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်နေပြီလို့ သိရပါတယ်။

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် အနေနဲ့ မဟာမိတ်တွေနဲ့ လက်တွဲပြီး တော်လှန်ရေး အောင်မြင်တဲ့အထိ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ရာ ၆လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းလာဖို့ နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းမည်ဟု PNFC နှင့် PNLA ပူးတွဲထုတ်ပြန်

ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနဲ့ လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

နမခ မှ ထွက်လာသည့် စစ်ကားများကို မုံရွာ-ချောင်ဦးလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး​ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကထွက်လာတဲ့ စစ်​ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၇ယောက် သေဆုံးကြောင်း ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း Idoits Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တစ်လကျော်အတွင်း စစ်ကိုင်းတိုင်းတွင် စစ်တပ်ကြောင့် အနည်းဆုံး ပြည်သူ ၃၉ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလအစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၁ ယောက် အပါအဝင် ပြည်သူ ၃၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။