မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ရှိ သပြေညိုရေနံမှော်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ Gyrocopter ၃ စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၄ ရက် မနေ့နေ့လယ်ပိုင်းက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်ရှိ သပြေညိုရေနံမှော်ကို မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က Gyrocopter ၃ စီးနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိခဲ့ပေမယ့် နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Video – လူမှုကွန်ရက်