စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီးက ရန်ကင်းတောင်မှာ တော်လှန်ရေးအင်အားစုတွေ တပ်စွဲနေစဉ် စစ်တပ် စ်ကြောင်းက သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ယာယီဆုတ်ခွာပေးခဲ့ရမယ့် လက်ရှိမှာ ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း  မော်လိုက်တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်၊ မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေ တပ်စွဲနေတဲ့ ရန်ကင်းတောင်ကို စစ်တပ်က သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်လာခဲ့တယ်လို့ သိရပါတယ်။ 

အဲ့လိုအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေ ယာယီဆုတ်ခွာခဲ့ရပေမယ့် ဒီဇင်ဘာလ ၁၄ ရက်၊ မနက် ၁၁ နာရီအချိန်မှာ တန်ပြန်ထိုးစစ် စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် နေ့လယ် ၁၂ နာရီခွဲ အချိန်မှာတော့ ရန်ကင်းတောင်စခန်းကို တော်လှန်ရေးအင်အားစုတွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“တိုက်ပွဲက နည်းနည်းတော့ ပြင်းထန်ခဲ့ပါတယ်။ ၁နာရီခွဲလောက် တိုက်ခဲ့ရတယ်” လို့ Mawlaik Revolution တာဝန်ရှိသူတယောက်က မောင်းကို ပြောပါတယ်။ 

ရန်ကင်းတောင်စခန်းကို ပြန်လည်သိမ်းပိုက်မှု အပြီးမှာတော့ စစ်သား အလောင်း ၆ လောင်း၊ MA1 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက်၊ MA15 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၁ လက်၊ ၁၂၂ မမ ရှော့တိုက်ဒုံး ၇ လုံး ၊ ကျည်ဘောက် ၁၃ ခုနဲ့ ကျည်မျိုးစုံ ၁၂၀၀ တောင့်ခန့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

“စခန်းကုန်းကနေ ပြေးဆုတ်သွားတာ ၃၀ ကျော်ဝန်းကျင်လောက်ရှိမယ်ဗျ။ အခုလက်ရှိကတော့ သူတို့ ဒရုန်းတွေနဲ့ လာချနေတယ်။ ကျနော်တို့ ရထားတဲ့ စခန်းကုန်းကို … လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်၊ မော်လိုက်ကနေ ဟောင်ဝစ်စာနဲ့ လှမ်းပစ်တယ်၊ ၁၂၀ မမတွေနဲ့ ပစ်တယ်။ အဲ့လိုတော့ ရှိပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ဆွတ်နန်းကျေးရွာကို ဆုတ်ခွာထွက်ပြေးသွားတာ ဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆိုပါ ကျေးရွာမှာ ရှိနေဆဲ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။ 

(ဓာတ်ပုံ Mawlaik Revolution)

0 Shares:
You May Also Like
Read More

စလင်းမြို့အနီး မြို့နယ် ပကဖ က စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့အနီးမှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း ပကဖ) ဆီက သိရပါတယ်။
Read More

မတ်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်လာသူနှင့် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စုစုပေါင်း ၂၇ ဦး ရှိ

၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။
Read More

မွန်တော်လှန်ရေးတပ်များ ပါဝင်သည့် ရာမညပူးတွဲစစ်ကြောင်း ရုတ်သိမ်းထား

မွန်လက်ကိုင်တော်လှန်ရေး ၄ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့တဲ့ ရာမညပူးတွဲစစ်ကြောင်းဟာ ၄လ သက်တမ်းကုန်ပြီးတဲ့နောက် ပူးတွဲစစ်ကြောင်းကို ခေတ္တ ရုတ်သိမ်းထားတယ်လို့ မွန်တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ 
Read More

NCA ၁၀ နှစ်ပြည့်ပွဲ တက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့ဟု စစ်တပ်ထုတ်ပြန် 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီစာချုပ် (NCA) ရဲ့ ၁၀ နှစ်ပြည့်ပွဲ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ကြံ့ခိုင်ရေးကို မဲပေးပါက စစ်မှုထမ်းကမ်းလွတ်ခွင့်ရမည်ဟု မဲဆွယ်သည့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ကွေ့ချောင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဟာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ မဲဆွယ်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

တောင်ယာလုပ်ကိုင်သူများ အိပ်မောကျချိန် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲချ၊ အသက် ၃ နှစ် ကလေးငယ်အပါ ပြည်သူ ၈ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပွင့်ဖြူခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တောင်ယာလုပ်ကိုင်သူတွေစုနေတဲ့ ယာတဲအိမ်တွေကို စက်တပ်​လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် အရပ်သား ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။