ထိုင်း-မြန်မာနယ်စပ်မှာ လူကုန်ကူးသူတွေက နိုင်ငံခြားသား ၁ ယောက်ကို လျှပ်စစ်ကျဉ်စက်နဲ့ တို့ပြီး ဖမ်းခေါ်သွားတဲ့ CCTV မှတ်တမ်းဖိုင်ကို ထိုင်းနိုင်ငံသားက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

လူကုန်ကူးအဖွဲ့တွေက နိုင်ငံခြားသားတွေကို အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗီဒီယိုကို Prometheus Ck ဆိုတဲ့ Facebook အကောင့်ကနေ မျှဝေခဲ့တာ ဖြစ်ပါတယ်။

“သူက လုယူဖမ်းဆီးခံရပြီး အကူအညီတောင်း အော်ဟစ်ခဲ့တယ်။ Jaguar စက်ရုံဘက်က လူကုန်ကူးသူတွေက လျှပ်စစ်ရှော့ခ်စက်နဲ့ သူ့ကို ရှော့ခ်ထိုးပြီး မြန်မာဘက်ကို ခေါ်သွားခဲ့တယ်၊ သူ့ကို ကျွန်အဖြစ် လုပ်ခိုင်းဖို့ပါ။ အဖြစ်အပျက်အားလုံးကို ကျနော်မြင်ခဲ့ပေမယ့် မကူညီနိုင်ခဲ့ဘူး။ ဒီကိစ္စက ကျနော့်စိတ်ထဲမှာ အရမ်းလေးလံနေတယ်။ နေ့တိုင်းညတိုင်း ဒီအကြောင်းကိုပဲ စဉ်းစားနေတယ်။ အဖွဲ့ခေါင်းဆောင်ရဲ့ သမီးတောင် ရယ်နေသေးတယ်။ ဒါဟာ အရမ်းဆိုးရွားတဲ့ ကိစ္စပဲ” လို့ ရေးသားထားပါတယ်။

အဲဒီဖြစ်ရပ်ဟာ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်းလွတ်ရပ်ကွက်၊ ဟွေမောင်းကျေးရွာရှိ Jaguar  စက်ရုံဟောင်း အနီးတစ်ဝိုက်မှာ ဖြစ်ပွားခဲ့တာလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

အဆိုပါစက်ရုံဟောင်းနေရာကို မြန်မာလူမျိုးတွေ နေထိုင်ရာနေရာအဖြစ် ပြောင်းလဲခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်ခန့်က စတင်ကာ နိုင်ငံခြားသားတွေ မြဝတီဘက်ခြမ်းသို့ ပို့ဆောင်ရာမှာ အသုံးပြုတဲ့ လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုလာကြတယ်လို့ ဆိုပါတယ်။

အဲလိုပို့ဆောင်တဲ့ မြန်မာဘက်ခြမ်းကလည်း BGF ရဲ့ ထိန်းချုပ်ထားတဲ့ ဒေသဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ရုပ်သံဖိုင် တင်ထားတဲ့လူကို ထိုင်းသတင်းထောက်တွေက ဆက်သွယ်မေးမြန်းရာမှာ အဲ့လို ဗီဒီယိုအပိုင်းတွေကို အများအပြား ရိုက်ကူးထားပြီး လူတွေ ထပ်မံ ဒုက္ခမဖြစ်စေဖို့အတွက် ထုတ်ဖော်ခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံခြားသား အများအပြားကို မြဝတီဘက်သို့ ခေါ်ဆောင်ခဲ့ကြပြီး လူကုန်ကူးအဖွဲ့ရဲ့ ၉၅ ရာခိုင်နှုန်းက မြန်မာလူမျိုးတွေဖြစ်ကာ ကျန်တဲ့သူတွေက ထိုင်းလူမျိုးတွေဖြစ်သလို အများအားဖြင့် ညအချိန်မှာ လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

Video – Prometheus Ck

0 Shares:
You May Also Like
Read More

တောင်ညိုစစ်ကြောင်းမှ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုစစ် ကြောင်းရဲ့ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား မှတ်တမ်းရုပ်သံကို ထုတ်ပြန် လိုက်ပါတယ်။
Read More

ဆန္ဒပြပွဲများ ပြင်းထန်နေသည့် နီပေါတွင် အစိုးရ အရာရှိများနှင့် မိသားစုဝင်များကို စစ်ရဟတ်ယာဉ်များဖြင့် ကယ်ထုတ် (ရုပ်/သံ)

နီပေါနိုင်ငံမှာ လူမှုကွန်ရက်တွေ ပိတ်ပင်လိုက်ပြီးနောက် ပြင်းထန်လာတဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်လာပြီး ပြည်သူတွေက အစိုးရပိုင်တာဝန်ရှိသူတွေကို တိုက်ခိုက်လာတဲ့အတွက် စစ်ရဟတ်ယာဉ်တွေနဲ့ ဝန်ကြီးတွေနဲ့ မိသားစုတွေကို လိုက်လံကယ်ထုတ်ခဲ့ပါတယ်။ 
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။
Read More

ခပေါင်းချောင်းရေ မြင့်တက်လာသည့်အတွက် တောင်ငူမြို့ အနိမ့်ရပ်ကွက်အချို့နှင့် ကျေးရွာများ ချောင်းရေဝင်ရောက်ကာ အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ခပေါင်းချောင်းရေ မြင့်တက်လာတဲ့အတွက် ရပ်ကွက်အချို့နဲ့ ကျေးရွာ တွေမှာ ချောင်းရေဝင်ရောက်လာပြီး အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၅ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ မြင်းခြံမြို့ပေါ်က ထွက်လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို ကားလမ်းတစ်လျှောက် ဒရုန်းနဲ့ ဗုံးသီး ၅၇ လုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း ကင်းပုန်ဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ T.G.R တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။