အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားပါ ဆိုင်းဘုတ်တချို့ကို စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းမပေါ်မှာ သွားရောက် ချိတ်ဆွဲစိုက်ထူခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ရွှေဘို-မန္တလေးလမ်းမ အပါအဝင် အများပြည်သူတွေ အသုံးပြုနေတဲ့ လမ်းတချို့မှာ အဆိုပါ ဆိုင်းဘုတ်တွေကို ဒီဇင်ဘာ ၁၂ ရက်နေ့က သွားရောက်စိုက်ထူခဲ့တယ်လို့ ဆိုပါတယ်။

Billboard တွေ သွားရောက်ချိတ်ဆွဲတဲ့နေရာမှာ အဆင်ပြေပြေ ပြီးမြောက်အောင် ကူညီပေးကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဘားအံ တောင်ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း (၂) ဦး သတ်ဖြတ်ရန် ကြံစည်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးမြို့နယ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကျော်ကျော်မြင်နဲ့ ကိုမင်းသူစိုးတို့ကို တခြား ရာဇဝတ်အကျဉ်းသားအုပ်စုက သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

မိုင်းကိုင်မြို့နယ်က SSPP တပ်စခန်းကို RCSS ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်ဖွဲ့ဝင် ၈ ယောက်ကို ဖမ်းဆီးကာ ဒေသခံ ၁ ယောက်ကို ပစ်သတ်သွားဟု SAPP ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ်နှစ်ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်ဖွဲ့ဝင် ၈ ယောက်နဲ့ ဒေသခံ ၁ ယောက်ကို ဖမ်းဆီးသွားကာ ဒေသခံ ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ SSPP က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖမ်းဆီးရမိထားသည့် ပျူစောထီး ထွက်ပြေးရာ ပြန်လည်ဖမ်းဆီးမှုကို လက်မခံသောကြောင့် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းနက်ကုန်းအုပ်စု၊ ရွှေပန်းတောကျေးရွာနေ စစ်တပ်သတင်းပေး ပျူစောထီး မြင့်လွင်ကို ဖမ်းဆီးရမိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းမှာ ထိန်းသိမ်းထားချိန် ထွက်ပြေးရာ ပြန်ဖမ်းတာကို လက်မခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ထုတ်ပြန်ထားပါတယ်။
Read More

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ကူဆိပ်စခန်းက စစ်သားတွေ မထောစခန်းရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ…

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်နေရာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

SSNDF /KNDF ဗျူဟာ ၉ ရဲ့ B-102 တပ်ရင်းမှ ပြုလုပ်သည့် တပ်ရင်းဆွေးနွေးပွဲ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF /KNDF ဗျူဟာ ၉) B-102 တပ်ရင်းက ပြုလုပ်တဲ့ တပ်ရင်းဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်ကနေ ၂၂ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။