စစ်ကိုင်းတိုင်း မင်းကွန်းမြို့ကထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဖက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က မင်းကွန်းမြို့ကနေ ထွက်လာတဲ့ အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သားအများအပြားသေဆုံးပြီး G3 ကျည် ၈၅၅ တောင့်၊ 5.56 ကျည် ၇၉၆ တောင့်၊ 60mm ဗုံးသီး ၅ လုံး၊ RPG အသီး ၃ လုံး၊ ပို့ယမ်း ၃ တောင့်၊ အီနာဂါ ၁  လုံး၊ MA ကျည်ဘောက် ၃ ခု၊ MA-2 ဘောက်ဝိုင်း ၁ ဘောက်နဲ့ ငါးကြင်းမှီးပြောင်းအပို ၁ ချောင်းတို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိ အဆိုပါစစ်ကြောင်းဟာ စစ်ကြောင်းပျက်ပြီး မင်းကွန်းမြို့အတွင်းကနေ ပြန်လည်ဆုတ်ခွာ သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့နဲ့ မဟာမိတ်များဖြစ်တဲ့ People Servant Force၊ ရတနာပုံတပ်ဦး နဲ့ No More Dictatorship People Defence Force-NMD တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Video – ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ကလေးမြို့ GTC သို့ ထွက်လာတဲ့ စစ်တပ်ယာဉ်ကို မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့က နည်းပညာတက္ကသိုလ် (GTC) သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ် ၂ စီးကို ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက အဝေးထိန်းမိုင်း ၂ လုံးနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကလေးမြို့ ရှေ့တန်းမှ ပြန်လာသည့် CDF Matupi ရဲဘော်များကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရှေ့တန်းမှ ပြန်လာတဲ့ CDF Matupi ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံ

မကွေးတိုင်း မြိုင်မြို့နယ် စီမံကိန်းရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြောက်ပိုင်းကျားငါးကောင်တပ်ဖွဲ့ -NFTAမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့အနီး တိုက်ပွဲတွင် အထိနာနေသည့် စစ်ကော်မရှင်တပ်သားများကို လက်နက်ချရန် ဖိတ်ခေါ်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့အနီး အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး အထိနာနေစဉ် လက်နက်ချဖို့ ဖိတ် ခေါ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖ အသံက ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ် ကမ္မရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မရဲစခန်းကို ဖေဖော်ဝါရီ ၁၃ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

အမ်းက ထွက်ပြေးလာတဲ့ စစ်သားတွေကို CDF-Asho လိုက်လံဖမ်းဆီးရာ ၅ ယောက်သေ၊ ၁၂ ယောက်အရှင်ဖမ်းမိ (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ယောက်သေကာ ၁၂ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။