မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာထဲကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ပစ်ခတ်တဲ့ ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း Wetlet Informational Network ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနေ့ ညနေ ၆နာရီလောက်မှာ ရွှေဘိုမြို့နယ် ကျောက်မြောင်း ခမရ-၁၂ ကနေ ဒရုန်းအကြီးတစ်စီးနဲ့ လက်ပံလှရွာထဲကို ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၂ယောက်သေဆုံးပြီး ၁ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ထိတွေ့မှု မရှိဘူး။ ခမရ ၁၂ ကနေ ဟောင်ဝှစ်ဇာ ပစ်တယ်။ လက်နက်ကြီး ပစ်တယ်။ စဥ့်ကူးနယ်ဘက်ကို ဒရုန်းတွေနဲ့လည်း ခဏခဏ ချတာတွေရှိတယ်။ သေဆုံးသွားတဲ့သူတွေက ဗိုက်တွေ၊ ခေါင်းတွေကိုထိတာ။ နေအိမ်ပျက်စီးမှုတွေက အဲ့ဘက်က ဆက်သွယ်လို့မရတဲ့ အခြေအနေမို့ ပျက်စီးမှုတော့ မသိရဘူး” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

လက်ရှိမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ် တဝက်လောက်ကို စစ်အုပ်စုက ပြန်လည်သိမ်းပိုက်ထားပြီးဖြစ်ပြီး အခု လေကြောင်းတိုက်ခိုက်ခဲ့တဲ့ လက်ပံလှရွာမှာလည်း ဒေသခံတချို့သာ နေထိုင်ကြတော့တာဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ပံလှက တော်တော်များများ ပြည်သူက မရှိတော့ဘူး။ လက်ရှိ‌ေ-ွးတွေက စဥ့်ကူးမြို့နယ် တစ်မြို့နယ်လုံးနီးပါး၊ မတ္တရာတစ်မြို့နယ်လုံး ‌ေ-ွးတွေ ရသွားပြီ” လို့ တာဝန်ခံ ကိုနဂါးလေးက ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း မိတ္ထီလာ လေတပ်ကနေ တက်လာတဲ့ စစ်တပ် ဂျက်ဖိုက်တာတစ်စီးက စဥ့်ကူးမြို့နယ် ပင်လယ်ကြီး ရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တစ်ယောက် သေဆုံးပြီး ၅ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်မြို့နယ်တွင် ကျေးလက်ဆေးပေးခန်းကို ဝင်ရောက်ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦး မျက်မြင်သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ကျေးလက်ဆေးပေးခန်းကို ဖျက်ဆီးခိုးယူနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် မျက်မြင် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ၃၇၀၃ တပ်ရင်း (Fire Dragon) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ဘလူတွင် ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၂ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး လူ ၈၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Read More

ရွှေ့ပြောင်းအကျဥ်းသားများကို အိုးဘိုထောင်အာဏာပိုင်များ အကြမ်းဖက်ရိုက်နှက်မှုကြောင့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါ နိုင်ငံရေးအကျဥ်းသား ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

"မနေ့က ၁၁ နာရီနဲ့ ၁၂ကြားမှာ အိုးဘိုထောင်ကို ကားတွေနဲ့ရောက်တယ်ပေါ့။ ရောက်တာနဲ့ဘာအကြောင်းပြချက်ကိုမှမပေးပဲ ရိုက်တာပါ။ တစ်ချို့ကလည်း ရိုက်လို့ကောင်းအောင်အကြောင်းပြချက်ပေးတယ်။ ထောင်ပြောင်းတဲ့လမ်းခရီးမှာ လုံခြုံရေးထိခိုက်အောင်သတင်းတွေထွက်စေလို့ဆိုတဲ့အကြောင်းပြချက်တွေပေးပြီးရိုက်တာပေါ့။ တစ်ချို့ကိုလည်း​ထောင်ပြောင်းတဲ့အခါ ဦးချိုးတာပေါ့။ ဦးဆောင်သူလို့ ယူဆရတဲ့သူတွေ ငြိမ်သွားအောင်ဆိုပြီး လုပ်တဲ့သဘောပါ။" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ဘီလုံး (သို့မဟုတ်) စစ်ပွဲကပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ရင်း ရဲရင့်စွာ အသက်ပေးခဲ့သူ

"သူက စစ်တိုက်ချင်တာ ငယ်ငယ်လေးကတည်းက၊ ဘာရယ်တော့မဟုတ်ဘူး။ ယူနီဖောင်းဝတ်ရရင် ပျော်နေတဲ့သူမျိုး။ အိမ်ကလည်း အစကတည်းက မဟုတ်မခံစိတ်ရှိတဲ့ ညီမတို့စိတ်ဓာတ်တွေကို မနိုင်လို့ လွှတ်ပေးထားတာ။ မေမြို့မှာ ကျမက သပိတ်တွေလည်းလုပ်တော့ အရင်ပြေးရတယ်။ အဲ့တာ ကျမက အရင်ပြေးတော့ သူကနောက်ကလိုက်လာတာ"
Read More

ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓာတ်ငွေ့ပိုက်လိုင်းအနီး အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့၊ ထားဝယ်ခီးကျေးရွာအုပ်စုအတွင်းရှိ ကလိန်အောင်စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်း အနီး အမျိုးသား အလောင်းတစ်လောင်းကို ဇူလိုင်လ (၂၂) ရက်မှာ ဒေသခံတွေ တွေ့ရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။
Read More

PDF တွေကို ​ကြိမ်းဝါးဆဲဆိုခဲ့တဲ့ မြွေဟောက် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆို​နေတဲ့ စစ်တပ်လော်ဘီ ဇော်ဝင်း (ခ) မြွေဟောက်ဆိုသူ ​မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။