ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

လက်ရှိယာယီသမ္မတ၊ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်၊ စစ်ကော်မရှင်ဥက္ကဌ စတဲ့ ရာထူး ၃ခုယူထားတဲ့ မင်းအောင်လှိုင်ကို ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အမတ်တွေက သမ္မတ အဖြစ်ရွေးချယ်ရင် ၂၀၀၈ ဥပဒေနဲ့အညီ သမ္မတလုပ်နိုင်တယ်လို့ ဆိုပါတယ်။ 

”မဲပေးပြီး ဖြစ်လာရင်တော့လည်း သမ္မတ လုပ်နိုင်ပါတယ်။ ဥပဒေအရ အကျုံးဝင်ရင် လုပ်နိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီပဲ ဖြစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်”လို့ ဇော်မင်းထွန်းက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်တဲ့ တပ်တွင်းအစည်းအဝေးတစ်ခုမှာလည်း အကြမ်းဖက် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အနေနဲ့ ရာထူး ၃ ခုယူထားပေမယ့် လစာတစ်ခုတည်းယူထားကြောင်း ပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်အတွင်း အတင်းအဓမ္မတပ်သားစုဆောင်း၊ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တာဝေးပစ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်က တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ် ၂၅၁၊ ၂၅၂ တပ်တွေကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ တာဝေးပစ်ရော့ကတ် ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း အကြမ်းဖက်ဖစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ngazun မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့အရှေ့ဘက် ကျောက်ရံရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်းတပ်မ ၃၃ က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းတပ်မ ၃၃ ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

Burma Revolution Rangers တပ်ဖွဲ့မှ နင်းမိုင်းများ စမ်းသပ်ထုတ်လုပ်မှုအောင်မြင် (ရုပ်/သံ)

Burma Revolution Rangers တပ်ဖွဲ့ ရဲဘော်တွေရဲ့ ကြိုးစားမှုနဲ့ ထုတ်လုပ်ထားတဲ့ နင်းမိုင်းတွေကို စမ်းသပ်မှု အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်ပြေး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် မနက် ၇ နာရီခန့်မှာ နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေ အင်အား ၉၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။