ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ဘန့်ဘွေးကုန်းရွာ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ ယောက် သေ၊ ၃ ယောက် ဒဏ်ရာရခဲ့ပြီး စခန်းအပြီးသတ်သိမ်းပိုက်ဖို့ ကြိုးစားချိန် ရန်သူ့စစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းက ပဲခူးရိုးမ၊ မြို့ချောင်း-စိန့်ကန့်လန့် ရိုးမဖြတ်လမ်းဘေး၊ ဘန့်ဘွေးကုန်းရွာမှာရှိတဲ့ အကြမ်းဖက်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်သားနဲ့ ရဲ အင်အား ၃၀နီးပါး တပ်စွဲထားတဲ့ အဆိုပါဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့မှု အချိန် ၁နာရီခွဲကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဂိတ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မင်းလှအခြေစိုက် အမှတ် (၁) ခြေလျင်တပ်ရင်း ကနေ အင်အား ၁၀၀ ကျော်လောက် စစ်ကူတက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အုပ်စု ထိခိုက်သေဆုံးမှုအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ကိုယ်စီရရှိခဲ့ကြောင်း သိရပါတယ်။

“မနက်၅နာရီလောက် ဝင်တိုက်တာ၊ ၆နာရီခွဲလောက်မှာ စခန်းသိမ်းဖို့လုပ်တယ်။ အဲ့အချိန် ခလရ ၁ ကနေ စခ ၁၀၀ ကျော်က လက်နက်ကြီးတွေပစ်ပြီး တက်လာလို့ ပြန်ဆုတ်လိုက်ရတာပါ။ ဂိတ်က ရွာအရှေ့မှာရှိတာ၊ တိုက်ပွဲကပြင်းထန်တယ်။ သူတို့ (စခ) ဘက်က လက်နက်ကြီး တော်တော်သုံးပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ထုတ်ပြန်ထားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်ပုံရိပ်တစ်ခု

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းက ဦးစီးပြီး တပ်ခွဲ ၁ Dragon Brothers GBK PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF၊ သာယာဝတီခရိုင် ပကဖတိုက်ခိုက်ရေး၊ တပ်ရင်း တပ်ခွဲ ၃ (မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလလောက်ကစလို့ ဘန့်ဘွေးကုန်းရွာနေ အရပ်သားတွေကို စစ်အုပ်စုက နှင်ထုတ်ထားခဲ့တာကြောင့် ကျေးရွာနေအရပ်သားတွေလည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အခြေအနေတွေအရ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေကြောင်းနဲ့ စစ်အုပ်စုက လူသားဒိုင်းလုပ် ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိနေတာကြောင့် ရိုးမအတွင်းသွားလာတာတွေ မလုပ်ကြဖို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ရာမညမွန်တပ်တော်ထံ အလင်းဝင်

မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့ဖြစ်တဲ့ ရာမညမွန်တပ်တော် (RMA) ထံကို စစ်ကောာင်စီတပ်သား ၂ ယောက် လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်ခိုလှုံလာတယ်လို့ RMA က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

Freedom Fighter Guerrilla Force ရဲ့ စစ်သင်တန်း ဆင်းပွဲနဲ့ ယူနီဖောင်းပေးအပ်ပွဲကို ရှေ့တန်းမှာ အကျဥ်းချုံး ပြုလုပ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အခြေစိုက် Freedom Fighter Guerrilla Force ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ နဲ့ ယူနီဖောင်း ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ Freedom Fighter Guerrilla Force က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်ခဲ့တဲ့ ချင်းညီနောင်ကို ချင်းပြည်ကောင်စီက လေးမြတ်စွာ ဂုဏ်ပြုတယ်လို့ ထုတ်ပြန်

ချင်းညီနောင် နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မင်းတပ်နဲ့ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲတွေ မှာ အောင်မြင်မှုရရှိခဲ့ခြင်းအပေါ်  လေးမြတ်စွာဂုဏ်ပြုတယ်လို့ ချင်းပြည်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) ကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်တဲ့ တာဝန်ရှိသူတွေက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း (၁) က ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်(Military Code of Conduct) သင်တန်းကို မေလ (၁၀) ရက်က ပို့ချခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

MDY PDF ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာများအား စစ်အုပ်စု လေကြောင်းရော လက်နက်ကြီးပါအဆက်မပြတ်တိုက်ခိုက်နေ

မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်မှာ စစ်စခန်းတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေဆီ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။
Read More

မိုးဗြဲမြို့ လက်လွှတ်ရခြင်းအတွက် စိတ်ဓာတ်မကျရန်နှင့် စတေးမှုများ အလဟသမဖြစ်စေရေး ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းရန် မိုးဗြဲ PDF ကယ်ဆယ်ရေး ဆေးတပ်ဖွဲ့ ထုတ်ပြန်…

"မိုးဗြဲမြို့ ကျဆုံးသွားခြင်းဟာ မည်သူမည်ဝါရဲ့ အမှားကြောင့် လုံးဝမဟုတ်ခဲ့ပါ။ အားလုံး တာဝန်​ကျေကြပါတယ်။ တာဝန်​ကျေတယ်ဆိုတာထက် ပိုကြပါတယ်။ စစ်တပ်နဲ့ PNA ရဲ့ ၆လကျော် ထိုးစစ်ကို ခုခံကာကွယ်ရင်း ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပြီး အကောင်းဆုံး ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။" လို့ MPRT က ဆိုပါတယ်။