ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ အာရက္ခတပ်တော်(AA) က စစ်စခန်းအဖြစ် အသုံးပြုနေတာကြောင့်ဖြစ်ကြောင်းနဲ့ ထိခိုက်သေဆုံးသူတွေဟာ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသာဖြစ်ကြောင်း စစ်အုပ်စုက ထုံးစံအတိုင်း လိမ်လည်သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှာရှိတဲ့ မြောက်ဦးပြည်သူ့ဆေးရုံကြီးပေါ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၁စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသနေတဲ့ လူနာများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃၃ယောက်သေဆုံးကာ ၇၆ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

လသားကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒီဖြစ်စဥ်အပေါ် စစ်အုပ်စုသတင်းမှန်ပြန်ကြားရေးက ထုံးစံအတိုင်း ဝါဒဖြန့်လိမ်လည် သတင်းထုတ်ပြန်လာတာပါ။ စစ်တပ်ထောက်ခံသူတွေကလည်း ဒီဖြစ်စဥ်အပေါ် အောင်ပွဲခံ ကြွေးကြော်နေကြပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ အာရက္ခတပ်တော်(AA) အပါအဝင် ဒေသခံ PDF၊ BPLA၊ အရှိုချင်း တပ်ဖွဲ့‌တွေက မြောက်ဦးဆေးရုံကို အသွင်ပြောင်းပြီး စစ်စခန်းအဖြစ် တပ်စွဲထားမှုကြောင့် ချေမှုန်းခဲ့တာဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေဟာလည်း အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေသာဖြစ်ကြောင်း လိမ်လည်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာသတင်းဌာနတွေအထိ ရောက်ရှိနေတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဓာတ်ပုံတွေဟာလည်း အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေရဲ့ ဒဏ်ရာရရှိသူတွေကို ရွှေ့ပြောင်းပေးနေတာဖြစ်ကြောင်းနဲ့ သေဆုံးသူတွေကို ဝမ်းနည်းကြောင်း ရေးသားဖော်ပြမှုတွေကိုပဲ တွေ့ရှိရတာဖြစ်ကြောင်း စစ်အုပ်စုက ခပ်တည်တည်နဲ့ပဲ ဆက်လက်လိမ်လည်ပြောဆိုခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံဝန်းအတွင်းက ပင်မဆောင်၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်နဲ့ ဝန်ထမ်းအိမ်ရာတွေအပါ ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးပြိုကျခဲ့ပြီး ဆေးကုသမှုခံယူနေတဲ့ လူနာများအပါအဝင် အရပ်သားပြည်သူ ၃၃ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုများအပါအဝင် ၇၆ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ပုံ-လူမှုကွန်ရက်

ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး ပြစ်မှုကျုးလွန်သူ၊ ကျူးလွန်ရန် စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန်လက်တုံ့ပြန်မယ်လို့လည်း အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အကြမ်းဖက်စစ်တပ် ဆက်လက်ကျူးလွန်နေတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပြီး ဒီဖြစ်စဥ်အပေါ် ဒေသတွင်းအာဆီယံနဲ့ ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်၊ ယူကေ စတဲ့နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု ချက်ချင်းလိုအပ်တယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က တိုက်တွန်းပြောဆိုထားပါတယ်။

ဒီဇင်ဘာလ (၁၀) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး ဒီလိုနေ့မျိုးမှာ ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာဟာ အခိုင်မာဆုံးသော စစ်ရာဇဝတ်မှုသက်သေဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများအပါအဝင် တော်လှန်ရေး အင်အားစုတွေကလည်း အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားကြပြီး၊ စစ်အုပ်စုကို ပစ်မှတ်ထား ပူး‌ပေါင်းအရေးယူဖို့ကိုလည်း နိုင်ငံတကာကို တောင်းဆိုထားကြပါတယ်။

0 Shares:
You May Also Like
Read More

ဒီးမော့ဆိုတွင် စစ်တပ်လက်နက်ကြီး နေအိမ်ပေါ် ကျရောက်မှုကြောင့် အဖေ၊ အမေနှင့် အဘွား သေဆုံးပြီး ကလေးများ ဒဏ်ရာရ ကျန်ရစ်ခဲ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လူကြီး ၃ယောက် သေဆုံးကာ ကလေးတွေကတော့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်များ သိမ်းဆည်းရမိပေမယ့် ယူဆောင်ချိန်မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်(ပကဖ)ဟာပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်နေ့က အမှတ်စဉ်(၃) သင်တန်းဆင်းပွဲပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

ရိုးဂိုးက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်စဉ်မှာ မီးသတ်သမားနဲ့ ပရဟိတသမားတွေအပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားစဉ်မှာ လာရောက်မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေနဲ့ ပရဟိတသမားတွေ အပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။