မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံးသွားတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။
ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ဘီးလင်းနယ်ထဲက ဖိုးဝါးသိမ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်ကော်မရှင်တပ်သားတွေက လက်နက်ကြီး နဲ့ ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့လို့ ဆိုင်ကယ်စီးလာတဲ့ ဦးကြည်လွင် (၅၃) နှစ် နဲ့ ဦးမောင်လုံး (၅၀) နှစ်တို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသား ၂ ယောက်ထဲက တစ်ယောက်ဟာ ဖိုးဝသိမ်ရွာသားဖြစ်ပြီး၊ ကျန်တစ်ယောက်ကတော့ ရှမ်းစုရွာသားဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်က စစ်ကြောင်းထိုးလာတော့ အပြန်အလှန်ပစ်ခတ်ကြတာဖြစ်ပြီး၊ သူတို့ကရွာသားတွေကိုပြန်မဲပြီး လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ဆိုက်ကယ်စီးလာတဲ့ ဦးကြည်လွင် နဲ့ ဦးမောင်လုံးတို့ကို ထိသွားတာ၊ တစ်ယောက်က သွေးထွက်လွန်ပြီးသေတယ်၊ တစ်ယောက်က ပွဲချင်းပြီသေသွားတာ” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါစစ်ကော်မရှင်တပ်သားတွေဟာ လူအင်အားထပ်မံဖြည့်တင်းထားပြီး ဖိုးဝသိမ်ရွာ နဲ့ အလူကြီးရွာထဲမှာ တပ်ဖြန့်ထားသလို အလူကြီးရွာသား ၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ထပ်မံရရှိတဲ့သတင်းများအရ အထက်ပါနယ်ခံက “ဖမ်းခံရတဲ့သူတွေက ရွာသားတွေပါပဲ၊ pdf တွေမဟုတ်ဘူး၊ ၃ ယောက်လုံးက ယောကျာ်းလေးတွေ၊ ဒီမနက်ထပ်သိရတာက ဖမ်းထားတဲ့ ရွာသား ၃ ယောက်လုံးကို လည်လှီးသတ်ဖြတ်လိုက်ပြီလို့ကြားတယ်” လို့ ဆက်ပြောပါတယ်။

အခုလိုကျေးရွာတွေထဲမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးတပ်စွဲထားတဲ့အတွက် ဖိုးဝသိမ်၊ အလူကြီး၊ ရှမ်းစု အစရှိတဲ့ ကျေးရွာကပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပုံစာ – စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်သေဆုံးသွားသူများ
0 Shares:
You May Also Like
Read More

အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီ ရခိုင်ပြည်နယ် ကျောက်တော်ကို ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၂ ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က လူနေရပ်ကွက်ထဲကို မနေ့က သင်္ကြန်အကြိုနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကန်ပက်လက်မြို့မ အားကစားကွင်းမှာ ပြုလုပ်ခဲ့သည့် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် CDF-Kanpetlet စစ်ဦးစီးချုပ်ရုံး ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ…

(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ CDF-Kanpetlet စစ်ဦးစီးချုပ်ရုံး ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကြီးကို ကန်ပက်လက်မြို့နယ်၊ မြို့မ အားကစားဘော်လုံးကွင်းကြီးမှာ အောင်မြင်စွာပြန်လည်ကျင်းပနိုင်ခဲ့တယ်လို့ Chin Defence Force - Kanpetlet က ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့ဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ရဲဖြစ်သူရဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

TRI ဗျူဟာက တပ်သားသစ်များ ခေါ်ယူနေ၊ LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူများပါ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ - အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။
Read More

PDF ယူနီဖောင်းဝတ် ပုံမှားရိုက်လာသည့် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များမင်းကွန်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်များ ကင်းရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ PDF ယူနီဖောင်းဝတ်ပြီး စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ရတနာပုံတပ်ဦး (LPDF) စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ အဘွားဖြစ်သူကို ဂါရဝပြုခဲ့တဲ့ ကင်အဲရစ် (ခ) ကိုထိန်လင်း

လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။