ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း Chinland Defense Force – Matupi ရဲ့ စစ်ဦးစီးဌာနမှူး ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖလမ်းမြို့နယ်၊ Sumhrang ကျေးရွာမှာ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ CDF- Matupi တို့ထိတွေ့ ပစ်ခတ်မှူဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အပြန်အလှန်ပစ်ခတ်မှုများအတွင်းCDF- Matupi ရဲ့စစ်ဦးစီးဌာနမှူး ဆလိုင်းအန်တိုနီဟာ ဦးခေါင်း နဲ့ ရင်ဘတ်ကို ကျည်ထိမှန်ပြီး ကျဆုံးသွားတာဖြစ်တယ်လို့ သိရတာပါ။

“တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ” လို့ Chinland Defense Force – Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်မှဖက်မှ ထိခိုက်မှုတချို့ရှိသလို၊ စစ်ကော်မရှင်တပ်ဖက်ကလည်း ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ဆိုပါတယ်။

ကျဆုံးသွားတဲ့ ဆလိုင်းအန်တိုနီဟာ မိမိတို့ဌာနမှာ စစ်ဦးစီးဌာနမှူးကို တာဝန်ထမ်းဆောင်နေတာ ၁ နှစ်ဝန်းကျင်တာ ရှိသေးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ၎င်းရဲ့ရုပ်အလောင်းကို ချင်းထုံးစံအတိုင်း ဌာနချုပ်ရှိတဲ့ မတူပီအထိ သယ်ဆောင်သွားမှာ‌ဖြစ်ပြီး မိသားစုဝင်တွေထံ ပြန်လည်အပ်နှံကာ သဂြိုဟ်မှာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ လက်မခံသည့် ရွေးကောက်ပွဲအတုအတွက် မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်

အာဏာသိမ်းစစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပဖို့ ကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ ကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

တောင်သာမှာ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် 96 Soldiers PDF – တောင်ပိုင်းတိုင်း ရဲဘော်တွေ ဓာတ်ပုံကမ်ပိန်း ပြုလုပ်

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 96 Soldiers PDF - တောင်ပိုင်းတိုင်းက ရဲဘော်တွေဟာ အွန်လိုင်းဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လားရှိုးက တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ပေါ်က သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုခဲ့ကြောင်း လားရှိုးမြို့ဒေသခံတွေထံက သိရပါတယ်။
Read More

အဖိုးတန် ဂီတတွေ ချန်ရစ်ကာ နိုင်မြန်မာ နှုတ်ဆက်ခဲ့ပြီ

'ကမ္ဘာမကြေဘူး' သီချင်း ဖန်တီးရေးသားသူ တေးရေးနိုင်မြန်မာရဲ့ စျာပနကို ဒီနေ့ ဖေဖော်ဝါရီ ၉ရက်၊ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၈) တပ်ရင်း - ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။