မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုအပါအဝင် အကြမ်းဖက်စစ်တပ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ချက်ချင်းရပ်တန့်စေဖို့နဲ့ အဲဒီကျူးလွန်မှုတွေကို တာဝန်ခံလာစေဖို့တို့အတွက် အရေးယူဆောင်ရွက်ပေးရန်နိုင်ငံတကာအသိုင်းအဝန်းကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) က တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး အဲဒီအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ကေအဲန်ယူက ဆိုပါတယ်။

“ကေအဲန်ယူအနေဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းအား အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်နှင့် ယင်းရာဇဝတ်မှုများအတွက် တာဝန်ခံမှုယူစေရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် တိုက်တွန်းအပ်ပါသည်”လို့ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ချက်မှာ ကေအဲန်ယူက ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှုရရှိစေဖို့နဲ့ အရပ်သားပြည်သူတွေအပေါ် ထိရောက်တဲ့အကာအကွယ်ပေးမှုတွေကို အရေးပေါ်ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ( KNU) အနေနဲ့ အရပ်သားပြည်သူများနဲ့ အကာအကွယ်ထားရမယ့် ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ယင်းလုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီဇင်ဘာလ ၁၀ ရက်ညပိုင်းမှာ မြောက်ဦးဆေးရုံနည်းတူ ကော်သူးလေနယ်မြေထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကို ကြဲချခဲ့လို့ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ်နဲ့ ပြည်သူပိုင်ပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီကျော် မှာ မြောက်ဦးမြို့က အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃၄ ယောက် သေဆုံး ခဲ့ရပြီး ၁၀၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ကာ အများအပြား စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြောက်ဦးဆေးရုံဟာ အာရက္ခတပ်တော် အခြေစိုက်စခန်းဖြစ်လို့ ဗုံးကြဲချတိုက်ခိုက်တာလို့ လိမ်ညာထုတ်ပြန်ခဲ့သလို၊ ဒီဇင်ဘာလ ၁၂ ရက် မနေ့ကလည်း မြောက်ဦးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

မြင့်ဆွေ သေဆုံးပြီးနောက် သူ့မြေကွက် သားမက်‌ ရောင်းစားလို့ မိသားစုတွေ ပြဿနာတက်

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အားပေးကူညီခဲ့တဲ့ စစ်တပ်လက်ပါးစေ ယာယီသမ္မတမြင့်ဆွေ သေဆုံးပြီးတဲ့နောက်ပိုင်း သူပိုင်ဆိုင်တဲ့ မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားတဲ့အတွက် မိသားစုကြား အငြင်းပွားမှုပြဿနာတွေ ဖြစ်နေပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြင့်ဆွေ အမည်ပေါက် ပေ ၈၀၊ ပေ ၆၀ အကျယ် မြေကွက်ကို သားမက်ဖြစ်သူ တာယာမြင့်ဆွေက ရောင်းစားထားခဲ့တာလို့ သိရပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

မင်းအောင်လှိုင် ထားဝယ်လာမည်ဟု သတင်းထွက်နေပြီး ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ် တရစပ် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန် ယင်းမာပင်ခရိုင် ပကဖ က (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။