အကြမ်းဖက် စစ်အုပ်စုက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မရဲစခန်းထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံး‌သူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်၊ ဒီနေ့နေ့လယ် ၁ နာရီလောက်မှာ ကမ္မမြို့‌ပေါ်ရဲစခန်းမှာ ရောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေက ၆၀ မမ လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲသွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ ၄င်း၏ဇနီးဖြစ်သူ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“ကမ္မမြို့ပေါ်ရဲစခန်းကနေ ပစ်တာ၊ ရပ်ကွက်ထဲကအိမ်ကိုကျတာ၊ သေဆုံးသွားတဲ့သူတွေက လင်မယား ၂ ယောက်လို့သိရတယ်၊ သေတဲ့သူက အမျိုးသား… ဒဏ်ရာရသူက သူ့ရဲ့ဇနီးလို့သိရတယ်၊ သူ့မိန်းမလည်း ဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်” လို့ ကမ္မဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

လက်နက်ကြီး နဲ့ပစ်ခတ်ပြီနောက် စစ်ကော်မရှင်တပ်သားတွေဟာ ကမ္မစျေးဘက်ခြမ်းက ရပ်ကွက်ထဲရှိနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မီးလောင်သွားတဲ့ နေအိမ်အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အခုလို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံအပါအဝင် အနီးနားကကျေးရွာ ၅ ရွာထက်မနည်း နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ပခုက္ကူတပ်မ(၁၀၁)ကနေ အင်အား ၁၀၀ ကျော် နဲ့ ထွက်ခွာလာတာဖြစ်ပြီးပြီး၊ မြိုင်နယ်၊ ပခုက္ကူနယ်‌တလျှောက်ကို လှည့်လည်စစ်ကြောင်းထိုးနေပြီး၊ ဒေသခံ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေကို ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA ရဲ့ နှစ် ၃၀ ပြည့် တပ်မတော်နေ့အခမ်းအနား…

ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA ရဲ့ ဌာနချုပ်မှာ နှစ် ၃၀ ပြည့်တပ်မတော်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးဟု ဆို

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ခရိုင်မီးသတ်ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မင်းတပ်ကို အောက်တိုဘာလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က ထုတ်ပြန်ပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့်တိုက်ခိုက်၊ စစ်အုပ်စုက ၅ ဦးသေပြီး ၁ ဦး ဒဏ်ရာရ…

" အခက်အခဲကတော့မရှိခဲ့ပါဘူး။ ၆၀မမ ၂လုံးပစ်သွင်းတာမှာ ၁လုံးပဲကွဲပါတယ်။ ပစ်ခတ်မှုတော့မဖြစ်ပါဘူး။ သူတို့ဘက်တုံ့ပြန့်တာမျိုးတော့မရှိပါဘူး။ သေတဲ့၁ကောင်ကို နမခကို ပြန်ခေါ်သွားတယ်ဆိုတော့ အကောင်ကြီးထဲကဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့နာမည်နဲ့ရာထူးကိုမသိရလို့သာမထုတ်ပြန်တာပါ။ ကျန်တဲ့ ၄ကောင်က ချောင်းဦးမှာပဲသဂြိုလ်ပါတယ်။" လို့ Cahung U People's Defence Force တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။