စစ်အုပ်စုဟာ ပြည်ပရောက်မြန်မာတွေကို ကြိုတင်မဲပေးဖို့ နည်းလမ်းမျိုးစုံနဲ့ တိုက်တွန်းနှိုးဆော်နေခဲ့ပေမယ့် တောင်ကိုရီးယာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကြိုတင်မဲလာပေးသူဟာ ၁၀ ယောက် ဝန်းကျင်သာ ရှိတယ်လို့ တောင်ကိုရီးယားရောက် တော်လှန်အင်အားစုတွေထံက သိရပါတယ်။ 

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ကြိုတင်မဲတွေ လက်ခံနေခဲ့ပေမယ့် ဒီနေ့အထိ ကြိုတင်မဲ လက်ခံတဲ့ ၄ ရက်တာအတွင်းမှာ မဲလာထည့်သူဟာ ၁၀ ယောက် ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကြိုတင်မဲလာထည့်သူတွေဟာလည်း တောင်ကိုရီးယားရောက် စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ ဖြစ်တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ရဲ့ အတွင်းရေးမှူး ကိုလင်းအိမ်က ဆိုပါတယ်။ 

“ကြိုတင်မဲပေးနိုင်တယ်လို့ ကြေညာတဲ့နေ့ကစပြီးတော့ သံရုံးအနီးမှာ ဆန္ဒပြဖို့ ခွင့်ပြုချက်တင်တယ်။ သံရုံးရှေ့မှာ မရလို့ သံရုံးသွားတဲ့ ကုန်းထိပ်နားလေးမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတာဖြစ်ပါတယ်။ တနင်္လာနေ့ကစပြီး အခုလို ကြသပတေးနေ့ ရောက်လာပြီပေါ့နော်။ ဆိုတော့ ကျနော်တို့ ဆန္ဒပြနေချိန်အတွင်းမှာ သံရုံးကို မဲလာပေးတဲ့သူက ဆယ်ယောက်ဝန်းကျင်ပဲ ရှိပါတယ်။ စစ်တပ်နဲ့ပေါင်းပြီး အကျိုးအမြတ် တစုံတရာရနေတဲ့သူတွေလောက်သာ လာပေးကြတာ” လို့ ကိုလင်းအိမ်က မောင်းကို ပြောပါတယ်။ 

တောင်ကိုရီးယားရောက် မြန်မာတွေကြားထဲမှာလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုအတွက် ကြိုတင်မဲပေးဖို့ နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး၊ မက်လုံးပေးနေတဲ့သူတွေလည်း ရှိနေတယ်လို့ ကိုလင်းအိမ်က ဆက်ပြောပါတယ်။ 

“သံရုံးနဲ့ပေါင်းပြီး အကျိုးစီးပွားဖြစ်နေတဲ့ သူတွေရှိပါတယ်။ ပက်စပို့သက်တမ်းတိုးပေးမယ်တို့ မလှိမ့်တပတ်နဲ့ပေါ့နော် အတင်းအကြပ် မဲပေးခိုင်းနေတဲ့သူတွေရှိတယ်။ ပြီးတော့ ကိုရီးယားရောက်မြန်မာတွေ စုဖွဲ့ထားတဲ့ Group တွေမှာလည်း မဲလာပေးဖို့ကို လှုံ့ဆော်နေသူတွေရှိပါတယ်” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။ 

ဒါပေမယ့် အခုလို ၁၀ ယောက်ဝန်းကျင်သာ မဲလာပေးတာဟာ ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုံးဝလက်မခံကြောင်း၊ ပြည်သူတွေဟာ ဒီမိုကရေစီကို လိုလားနေသေးတယ်ဆိုတာကို ပြသနေကြောင်း ကိုလင်းအိမ်က ဆိုပါတယ်။ 

တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာမှာလည်း စစ်အုပ်စုက ကြိုတင်မဲဆန္ဒပေးဖို့ လှုံ့ဆော်နေပေမယ့် မဲလာရောက်ထည့်သူဟာ မရှိသလောက်နည်းပါးနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စုရွေးကောက်ပွဲ တရားမမျှတနိုင်၊ ဥရောပသမဂ္ဂအနေနဲ့ အသိအမှတ်မပြုဘူးလို့ EU လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ကြောင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က ပြောပါတယ်။
Read More

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ မတရား ကွပ်မျက်ခံရမှုအပေါ် အောက်မေ့သတိရကြောင်း ဗြိတိသျှသံရုံး ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က မတရားသဖြင့် ဖမ်းဆီးကွပ်မျက်ခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့အတွက် သတိရအောက်မေ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်တိုက်ပြိုကျမှုအတွက် အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌအပါအဝင် ၁၇ ဦးကို ထိုင်း ဝရမ်းထုတ်

မြန်မာလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 
Read More

မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုတွေကို မြန်မာပြည်သူတွေ လိုအပ်နေ

မြန်မာ့အရေးမှာ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကူညီထောက်ခံမှုမျိုးကို မြန်မာပြည်သူတွေ အဓိက လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

သတ္တုလုပ်ငန်းကြောင့် ညစ်ညမ်းလာသည့် မြစ်ရေကို သန့်စင်ရန် ထိုင်းအစိုးရဆည်ဆောက်ဖို့ပြင်

ရှမ်းပြည်နယ် အရှေ့ပိုင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေထဲ ပျော်ဝင်နေတဲ့ အန္တရာယ်ရှိပစ္စည်းတွေကို စစ်ထုတ်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ရေတားဆည်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

မြန်မာအပါအဝင် ရာဂီမုန်တိုင်းဒဏ်သင့်ဒေသတွေကို စင်္ကာပူစစ်တပ် အကူအညီပေး

မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်က မုန်တိုင်းဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေကို စင်္ကာပူစစ်တပ်က လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ CNA သတင်းက စက်တင်ဘာလ ၁၈ ရက်မှာ ဖော်ပြထားပါတယ်။