ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရအဖွဲ့ အပြောင်းအလဲတချို့ လုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ငန်းစဥ်တစ်ခုအနေနဲ့ လုပ်ဆောင်ကာ မိုမိုအားကောင်းတဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေးမှာ NUG အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှု လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီးနေရာတချို့ ပြောင်းလဲဖွဲ့စည်းကာ ဝန်ကြီးဌာနတချို့ကို ဖျက်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။

“ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းပုံမှာ ဝန်ကြီးဌာနကို ၁၇ ခုကနေ ၁၂ခုအထိ လျှော့ချခဲ့ပြီး ဝန်ကြီးဌာနအချို့ကို ပေါင်းစပ်တာ၊ ဖျက်သိမ်းတာတွေရှိသလို အချို့ဌာနတွေကိုတော့ ဝန်ကြီးဌာနအနေနဲ့မဟုတ်ဘဲ ဌာနကြီးသဖွယ် စုဖွဲ့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ လုပ်ငန်းစဥ်တစ်ခုအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ပိုမိုပါဝင်ပြီး ပိုမိုအားကောင်းတဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်လာဖို့ကို ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ပါ လမ်းပြမြေပုံထဲကအတိုင်း အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်ဖြုတ်ချပြီးနောက်မှာ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ် ဖွဲ့စည်းသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ‘ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း’ အစီအစဥ်မှာ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အသီးသီး ပေါ်ပေါက်လာနေတဲ့ ဖက်ဒရယ်ယူနစ်တွေနဲ့ NUG ကြား ပူးပေါင်းဆောင်ရွက်နိုင်မှုတွေ ပိုမိုအားကောင်းလာအောင်လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“လတ်တလောမှာ နိုင်ငံရေးတိုးတက်မှုအနေနဲ့ ဖက်ဒရယ်ယူနစ် ကြားကာလ အခြေခံဥပဒေနဲ့ ကြားကာလ အစီအမံတွေကို ဒေသအလိုက် ဖက်ဒရယ်ယူနစ်တွေအလိုက် ရေးဆွဲပြဌာန်းအတည်ပြုလာနိုင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်ထောင်စုနဲ့ ဖက်ဒရယ်ယူနစ်များအကြား ပေါင်းစပ်ညှိနှိုင်းရေးကော်မရှင် Federal and State Coordination Commision (FSCC) ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဖက်ဒရယ်ယူနစ်တွေရဲ့ အားကောင်းခိုင်မာရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ၊ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဆိုင်ရာဥပဒေ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံဥပဒေ စသဖြင့် ကြားကာလအစီအမံတွေကို အတည်ပြုနိုင်ခဲ့ကြတာတွေဟာ မျှော်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်အတွက် အားတက်ဖွယ် ခြေလှမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က အတုအယောင် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရောက် မြန်မာတွေ ကြိုတင်မဲပေးကြဖို့ လှုံ့ဆော်နေပေမယ့် သံရုံးတွေမှာ Non CDM ဝန်ထမ်းတွေကလွဲလို့ မဲပေးမယ့်ပြည်သူတွေ ခြောက်ကပ်နေတဲ့အတွက် ပြည်ပရောက်မြန်မာတွေကို လေးစား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို ပြည်သူတွေရဲ့ ကြံ့ကြံ့ခံ တွန်းလှန်မှုကြောင့် စစ်ကော်မရှင်ဟာ နိုင်ငံတကာ သံတမန်ရေးရာမှာ အကြီးအကျယ် ရှုံးနိမ့်နေကြောင်း ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည်

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်သမား၊ စစ်တပ်ကို တိုင်းပြည်ကာကွယ်သူအဖြစ် ရှုမြင်တဲ့ ဗိုလ်ကြီး ညီညီအောင်နဲ့ စစ်တပ်သတင်းပေးကို KNU ထံ လွှဲပြောင်းထား

ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပေါ်မှာ ဖမ်းဆီးရမိတဲ့ ခလရ(၅၇) တပ်ရင်း ဗိုလ်ကြီး ညီညီအောင်နဲ့ သတင်းပေးဆိုသူတို့ကို အရေးယူနိုင်ဖို့ KNU  ထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

BNRA ဟာ ထူးခြားသော ဝိသေသရှိသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်ဟု KNU ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

အညာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ အဓိက ဖော်ဆောင်နေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဟာ ဒီနေ့မှာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီ ဖြစ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
Read More

တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းကို ပြင်းအားမြင့်အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။