မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အဝင်က ဘီယာဆိုင်မှာ ဘီယာသောက်နေတဲ့ စလေပျူစောထီးခေါင်းဆောင် မိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မကွေးခရိုင် အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနေ့ နေ့လယ် ၁၂ နာရီခွဲကျော်လောက်မှာ ချောင်းပိုက်ရွာသား စလေပျူစောထီးခေါင်းဆောင် မိုးအောင် ဘီယာသောက်နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ပြီး သူနဲ့အတူ ပါလာတဲ့ သေနတ်တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပစ်ခတ်ချိန်မှာ ပြန်လည်ခုခံခြင်းမရှိပါဘူး။ သိမ်းဆည်းရမိတဲ့ သေနတ်အမျိုးအစားက M 22 အမျိုးအစားပါ။ ကျည်က ၁၀ တောင့်ပါ ကျည်ဘောက်တစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့တာပါ” လို့ မကွေးခရိုင် အမှတ် (၁) တပ်ရင်းပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပျူခေါင်းဆောင် မိုးအောင်ဟာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေအတွက် ပြည်သူတွေကို ပေါ်တာဆွဲပေးတာ၊ ငွေကြေးချမ်းသာတဲ့သူတွေဆီကနေ ဓားပြတိုက်တာနဲ့ ငွေညှစ်တာမျိုးတွေလည်း လုပ်ဆောင်နေသူဖြစ်ပြီး သေနတ်ကိုဗန်းပြကာ ပြည်သူတွေအပေါ် နှိပ်စက်နေသူတစ်ယောက်လည်းဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပျူခေါင်းဆောင် မိုးအောင်ထံမှ သိမ်းဆည်းရရှိသည့် စစ်လက်နက်

“စစ်ကြောင်းမှာလိုက်ပါပြီးတော့ ပြည်သူလူထုအိမ်ကို မီးရှို့တယ်၊ အခုဆိုရင် ချောက်မြို့နယ်မှာ မီးဘေး သင့်စစ်ဘေးရှောင်တွေလည်း အများအပြားရှိတယ်၊ သူက ပြည်သူတွေကို ဆက်ဆံတဲ့အချိန်မှာလည်း လက်နက်အားကိုးနဲ့ အာဏာသုံးပြီး ပြုမူဆက်ဆံတယ် ၊ ပြည်သူတွေကလည်း ဒီကောင်ကို တော်တော် ကြောက်နေကြတယ်၊ ပြီးတော့ တော်တော်လည်း မုန်းတီးကြတယ်” လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီနောက်ပိုင်း ပျူစောထီး၊ စစ်ကောင်စီသတင်းပေးတွေ တော်တော်များများပေါ် ပေါက်လာပြီး သူတို့ကြောင့် ဖမ်းဆီးခံရတဲ့ပြည်သူတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူများစွာရှိခဲ့သလို တော်လှန်ရေးရဲဘော်တွေလည်း အဆိုပါသတင်းပေးမှုတွေကြောင့် ကျဆုံးမှုများစွာ ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့  လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကြောင့် ချင်းမှာ ၄ နှစ်အတွင်း အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ထောင်နီးပါး သေဆုံးခဲ့ရ

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်ရှိ တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်သည့် ရေလုပ်သားများကို စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ထီးချိုင့်နယ်ကို စစ်အုပ်စု ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။